အပိုင်း(၁၂) Unicode+Zawgyi

2.5K 110 23
                                    

ဒီနေ့အဖို့တော့ အဉ္ဇလီကိုက နေမကောင်းဖူးတဲ့လေ။
စိတ်ပူပြီး လွမ်းရသူကတော့ သတ္တိမောင်‌ပင် မဟုတ်ပါလား။

သတ္တိမောင်လည်း ဧည့်ခန်း၌ပင် ထိုင်လျက်  နောက်ရက် သင်မည့် စာများကိုသာ ကြည့်နေလိုက်တော့သည်။

သို့သော် လွမ်းစိတ်ရယ်က တိုးတစစ နှင့်ကြောင့် ခုများတော့  fbက ကလေးမ accဆီသို့ ဦးတည်ရလေပြီ။

သူမ၏ အပြုံးချိုချိုပုံရိပ်များက စိတ်ကျေနက်စေသည့်အလား သတ္တိမောင်ကတော့ အပြုံးစွတ်နေလျက်ပင်။



"ကိုကြ‌ီး"

မျက်နှာငယ်လးနဲ့ တစ်ဉီးတည်းသော ညီလေးက ခေါင်းလေးငုံ့လျက် ခေါ်နေလေပြီ။ ဒီကလေး ဘာတွေများ မွှေထားပြန်ပါလိမ့်။

"‌ေပြာ "

"ဟိုလေ.. ကိုကြီး"

ဖိုးထူးသာတစ်ယောက် မတ်တပ်ရပ်ပြီး  ခေါင်းငုံ့လျက်ပင်  ကြောင်ကလေးများလို ဆိုဖာကို လက်ကလေးနဲ့ ‌ကုတ်နေလေတော့သည် ။

"ဒီကိုကြည့် "

"ငါ ကြောက်ဖို့ မသင်ထားဖူး ဖိုးထူးသာ"

"ဟုတ်"

"ပြော မင်း ဘာဖြစ်နေလဲ"

"သား အပြစ်ရှိသလို ခံစားရလို့"

" ဘာဖြစ်လို့လဲ"

"ဟို သားလေ..အဲ ဘယ်လို ပြောရမလဲ"

"ဘာမှမဟုတ်တော့ပါဖူး ဟဲ
ပြောလိုက်ရင် ကိုကြီးက သားကို နားရင်းထအုပ်တော့မှာ  "

"လုပ်ပြီးရင်လည်း ခံရဲဦးမှ ပေါ့က္ွ "


သတ္တိမောင်လည်း သက်ပြင်းတစ်ရှုိက်ချလိုက်ပြီး

"ဒီနားလာ ထိုင် "

"ကိုကြီး သားကို မရိုက်ရဖူးလို့ ကတိပေးနော်"

"အင်း"

အပြစ်ရှိသလိုလို ရှက်နေသလိုလို လုပ်နေတဲ့ကောင်လေးက သတ္တိမောင် စိတ်စိုးပြီး ထရိုက်မှာ ကြောက်နေလေသတဲ့။

မခံရဲတာကို မုန်းပေသိ စိတ်အဆင်ပြေဖြစ်နေတဲ့ညီကို စိတ်ဓာတ်မကျသွားစေချင်တာကြောင့် မရိုက်ဘဲ သူ့အခက်အခဲကိုသာ ဖြေရှင်းပေးဖို့သာ တွေးရတော့သည်။


ချစ်ခြင်း‌ဖြင့် နူ့ညံ့သောTempat cerita menjadi hidup. Temukan sekarang