အပိုင်း(၆) Unicode+Zawgyi

2.2K 106 14
                                    

လွန်ခဲ့သော ၃ နှစ်ကျော်ခန့်က

"အဖီး"

အဖီးဆိုတာ သတ္တိမောင်ရဲ့ အဖွားလို့ ဆိုရမည်။ အဖီးက တောသူတောင်သား ပီပီ ‌သူရဲ့ ကျေးလတ်ရွာကလေးမှာပင် ပျော်ရှာသည်။

အသက်ရှည်ကြသည်။ရှိဆို အဖီးက  ၇၀ နီးနီးလောက် ရှိရောပေါ့။သို့ပေသို့ သန်တုန်း ဖျက်တုန်းပါပေ့။

အဖီးက ဘုရားကျောင်းသွားလိုက် သီချင်းဆိုလိုက်ပါဘဲလေ။

သတ္တိမောင်ကတော့ ၁နှစ်တစ်ခါလောက်တော့ အဖီးဆီ အရောက်သွားရတာပေါ့။ လစဉ်လည်း ထောက်ပဲ့ပေါ့ ။

ခုလည်း။ ဟုတ်ပါတယ် ။အဖီးဆီ ရောက်နေတာပါ။

"ဒီကောင်လေးက ဘယ်သူလဲ"

အိမ်ရှေ့မှာ ငူငူငိုင်ငိုင်နဲ့  ဒူးလေးချိတ်ထိုင်နေတဲ့ ကောင်လေးကို သတ္တိမောင် တွေ့မိပါရဲ့ ။
ဒီကလေးကို တခါမှလည်း မတွေ့ဖူးပါ ။

"လွန်းသုခ"

"ဘာလာလုပ်တာလဲ"

သ‌ဘောရိုးနဲ့ မေးတာပါ။သတ္တိမောင်က ဒီလိုဘဲ ပြောတက်သည်မလား။

"ဟို သားမှာ အိမ်မရှိလို့ အဖီးနဲ့ လာနေတာပါ "

သတ္တိ‌ေမာင် ရင်ထဲတော့ တမျိုးဖြစ်မိသည် ။
ဒီကလေးလည်း စိတ်ခု သွားလောက်လေ မလား။

"အမေမြန်းထူလိုက်တာ ဇွဲသုတကိုရယ်"

သူအိမ်က မီးထဲပါသွားပြီ ။ သူ့ အမိုးရော အပါးရော "

"သူ ၀မ်းနည်နေတယ်။ နင် ဘာသိချင်သေးလဲ"

"ဆွေးမျိုးတွေတွေရော"

"အတီး ရှိတယ် ခုတော့ ထောင်ထဲမှာ"

"အင်း"

"ကောင်လေး"

"ဟုတ်"

"ဘယ်နှစ်တန်းလဲ"

"ဒီနှစ်ဆို ၉တန်းတက်ရမှာ ။

အပါးက မြို့ကျောင်းထားပေးမှာတဲ့။

ခုတော့ အပါးမရှိတော့ ကျောင်းသွားလို့မရတော့ဖူး"

"ကိုယ်နဲ့ လိုက်မလား။

ကိုယ့်ကျောင်းမှာတက်။ "

ချစ်ခြင်း‌ဖြင့် နူ့ညံ့သောOnde histórias criam vida. Descubra agora