အပိုင်း(၈) Unicode+Zawgyi

2.2K 115 36
                                    

"မင်္ဂလာပါ ဆရာ"

"မင်္ဂလာပါ"

ဒါလား ဆိုးပါတယ်ဆိုတဲ့ ၈တန်းကလေးတွေ  ။

"မင်္ဂလာပါ ဆရာ"ဆိုတဲ့ အသံသာ ထွက်လာကြပြီး  ငြိမ်ကုတ်သွားကြပါလေရဲ့။

အော် အင်းပေါ့။ ၀င်လာတဲ့ ဆရာကလည်း ဘီလူးထက်ပင်
ကြောက်စရာ ကောင်းနေသေးသည့်အလား။

တင်းမာသော မျက်နှာထားနှင့် ဆရာက လုံး၀ အလျော့ပေးမည် မဟုတ်သော မျက်နှာထားနှင့်ပင်။

"ဆရာ‌ရယ် ၈တန်း ကလေးတွေက သိမ့်ဆိုးတာဘဲ စာသင်ချိန်မှာ လုပ်ချင်ရာတွေ လုပ်နေကြတယ် ။စာမေးလည်း မရကြဖူး ။

စာလည်းလုပ်မလာကြဖူးဆရာရယ် ။ ကျွန်မ မထိန်းနိုင်ဖူး။သူတို့ အခြေခံမပါသွားရင် ၉ တန်းကြရင် ဒုက္ခရောက်တော့မှာဘဲ "

ဆိုတဲ့ ၈တန်း သင်္ချာသင်‌ေပးတဲ့ ဆရာမ အပြော ကြောင့် သတ္တိမောင် ကိုယ်တိုင်အတန်း ၀င်ထိန်းရတော့သည်။


" မင်္ဂလာပါ ဆိုတာ  မင်္ဂလာရှိအောင် နေမယ်လို့ ကတိပေးလိုက်တာဘဲ။"

"ဟုတ်ကဲ့"

"ကတိမပေးနိုင်ရင် ကိုယ့်ကို ၀တ္တရားကျေရုံတွက်  နောက်ဆို  မပြောကြနဲ့။

ကြိုပြောထားမယ်။

ကတိပေးပြီးရင်တော့  ဖြစ်အောင်လုပ် ။
မလုပ်နိုင်ရင် ခွင့်မလွှတ်ဖူး။"

"ဟုတ်ကဲ့"

"ကောင်းပြီ ။ အလယ် စာရွပ်ဖြုတ်ပါ။"

"ဖြေကြည့်ကြပါ။"

သ‌တ္တိမောင်လည်း whiteboard မှာ မေးခွန်းတချို့ရေးလိုက်သည်။

ဒီကလေးတွေ ဘယ်လောက်ထိ သိလဲ ၊ဘယ်အခြေအနေရှိလည်း သိချင်တာကြောင့်  အစမ်းစာမွေးပွဲ စစ်ခြင်းဖြစ်သည်။

"ရသလောက် ကြိုးစား ။
မှားခွင့်ရှိတယ်။
ခိုးချတာ မလိုချင်ဖူး။ "

ကလေးတွေကလည်း ဖင်ကုပ်ခေါင်းကုပ်နဲ့ပေါ့ ။

မဖြေတဲ့သူလည်း မဖြေကြပါဖူး ။
တချို့‌ေတာ့ မေးခွန်းကြီး ထိုင်ကူးနေခြင်းသာ။


ချစ်ခြင်း‌ဖြင့် နူ့ညံ့သောWhere stories live. Discover now