"အဉ္ဇလီကို"
ခပ်စူးစူးအကြည့်နဲ့ ခပ်မာမာစကားသံကြောင့် ရင်ထဲမှာ တုံ့ခနဲပင်။
"ဟီးး သမီး မစားတော့ဖူးနော် ဆရာ"
"စကားမတည် လာမလုပ်နဲ့ "
" တောင်းပန်ပါတယ် ဆရာ ခိုးမလုပ်တော့ဖူးနော်။"
သတ္တိမောင် စာသင်တာ ၅ရက်လောက်ကြာတော့ သိလိုက်ရတာက ဒီကလေးမက အစားအတော် ကြိုက်သည်ဆိုတာပင်။
အစားကိုမှ သရေစာမှ အတော်စားသည့် ကလေးမ။
လွန်ခဲ့သော မိနစ် အနည်းငယ်ကို ပြန်သွားရမည်ဆိုလျှင်
စာသင်နေရင်း
"ဆရာ သမီးကို စာသင်ချိန် စားခွင့်ပြုပါနော် သမီးက ခဏခဏ ဗိုက်ဆာတက်လို့" ဆိုသည့် ကလေးမကို
"အင်း" လို့လည်း ဆိုလိုက်ရော
မီးဖိုချောင်ကနေ ယူလာသည်က မနဲမနော လေဖောင်းမုန့်တွေ ၊ချောကလတ်တွေရော၊ သကြားလုံးေတွရော၊ အအေးတွေရော၊ အချဉ်ထုတ်တွေရော အာလူးကြော်တွေရော အစုံပါဘိ။"အဉ္ဇလီကို ရုံရှင်ရုံနဲ့ မှားလား။"
ထင်ထားသည်က ဗိုက်စာတက်သည့်ဆိုေတာ့က ပေါင်မုန့်ေသာ်လည်းေကာင်း ကိတ်ခြောက်သော်လည်းကောင်း စားလိမ့်မည်ဟု တွေးမိခဲ့သည် ။
သတ္တိမောင် တစ်ေယာက် ပြုံးချင်မိသရောင်။
မဆူရက်ပါ ။ သို့သော် သရေစာဆိုတာ ကျန်းမာရေးအတွက် အဆိပ်အတောက်မလား။"သမီးက စားရင်း စာလုပ်ရင် energy ပိုတိုးလို့ပါဆရာရဲ့ ဟီးး သမီးရဲ့ စာလုပ်ခြင်း လျှို့ဝှက်ချက်ပေါ့ "
ပြောင်ပျက်ပျက်နဲ့ချစ်စရာကောင်းအောင် လုပ်ပြနေတဲ့ ကလေးမကြောင့် မျက်ခုံးမြင့်တက်မိသည်က သတ္တိမောင် မဟုတ်ပါလား ။စိုးရိမ် စိတ်ကလည်း တွဲလျှက်ပေါ့။
"ဆီးချိုဖြစ်မယ်။
ဆရာ၀န် လုပ်မဲ့ သူက ကျန်းမာရေး ဂရုစိုက်မှပေါ့ ""ဟုတ် သမီး နည်းေလးနည်းဘဲ စားဝောာ့မယ်နော် ။"
"ဆရာ "
"အင်း"
"ဟီး "
"သမီးကို ရွေးပေးပါလား ။ ဆရာ ရွေးပေးတာဘဲ စားတော့မယ်။ "
ESTÁS LEYENDO
ချစ်ခြင်းဖြင့် နူ့ညံ့သော
Novela Juvenil*Punishment type* ဖိုးထူးသာ - "ကျွန်တော့် ကိုကြီးဆိုတာ ကြမ်းကြမ်းတမ်းတမ်းနဲ့ မာန်ထန်နေတဲ့ ပုံစံကြီးပေါ့ဗျာ။တကယ်တော့ တည်ငြိမ်ပြီး ကြင်နာတက်တဲ့ ပရဟိတသမားကြီးပါ။ဒါပေမဲ့လည်း ရိုက်ပြီဆို ရှယ်ကိုကျွေးတော့တာပါဘဲဗျာ။ ကိုကြီးချစ်တဲ့ မမ ပေါ်လာခဲ့ရင်ရော? အ...