"တီ"
သတ္တိမောင် တစ်ယောက် ကားကို အရှိန်နဲ့ မောင်းပြီး
နောက်ဆုံးတော့ ဆရာဆီ့ ရောက်လာခဲ့ပါပြီ။ဆရာကြီးက golf ရုိက်ရင်း စောင့်နေပုံပင်။
ဆရာကြီး တံခွန်ေအာင် ဆိုတာ တိုက်ကွမ်တို ခါးပတ်နက်ရ နည်းပြ ဆရာတစ်ယောက်။
သတ္တိမောင်ရဲ့ ဆရာအရင်း ၊အုပ်ထိန်းသူဆိုလျှင်လည်း မမှားပေ။ဇွဲသုတကို ကို "သတ္တိမောင် " ဟု ဆို ခေါ်ဆိုခဲ့သူ လည်း ဖြစ်သည်။
သတ္တိမောင်လည်း လက်နောက်ပစ်ရင်း ဆိုလိုက်သည် ။
"တောင်းပန်ပါတယ် ဆရာ"
ဆရာကြီးက သူနာရီ ကို တချက် ကြည့်လိုက်ရင်း
"၁၅ "
ဟုဆိုကာမြေပြင်ကို မေးဆတ် ပြလိုက်သည်။
ဆိုလိုချင်တာက မင်း ၁၅မိနစ်တောင် နောက်ကျပါလားကွ ပေါ့ ။
ဆရာက ၂ နာရီချိန်း ထားရင် ၁ နာရီ ၅၀လောက် ထဲက ရောက်နေမှ ကြိုက်သည့် လူမျိုး။ အမှားလုံး၀ မခံသော လူမျိုးပင်။
သတ္တိမောင်လည်း အလိုက်သိ push up position ချက်ချင်း ပြင်ပေးလိုက်သည်။
ဆရာကြီးက ရိုက်လက်ဆ golfတံကို မြင့်မြင့်လွှဲလိုက်ကာ
"ဖြောင်း"
"ဖြောင်း"
"ဖြောင်း"
"ဖြောင်း"
"ဖြောင်း"အသက် ၄၁အရွယ် ဗလာတောင့်တောင့် အမျိုးသားတစ်ယောက်၏ လက်ဆကလည်း မခေပေဖူးမလား ။
သတ္တိမောင် တစ်ယောက် ကိုယ့်ဆပါ့မူ့ကို သတိပေးရင်း အပြစ်ဒဏ်ကို ခံယူမိသည်။နာနေသင့်ကြားက ကေလးးငယ်၏ အပြံုးများကို မြင်မြင်လာမိသည်က ဆိုးလှသည်။
"ဖြောင်း"
"ဖြောင်း"
"ဖြောင်း"
......
.......
............၁၅ချက် ပြည့်အောင် အားဖြင့် ရိုက်ပြီးသည် နှင့်
"ထ သွားမယ်။"
ဟုဆိုကာ golfတံကို ချကာ ကားထဲ ၀င်သွားသော ဆရာကြီး။ဘယ်လောက် နာနာ နာနေသည့် နေရာကို မပွတ်သည်က သတ္တိမောင် အကျင့် ။
သူ့အပြစ်နှင့် သူ မလို့တဲ့လေ။
![](https://img.wattpad.com/cover/329017920-288-k839028.jpg)
YOU ARE READING
ချစ်ခြင်းဖြင့် နူ့ညံ့သော
Teen Fiction*Punishment type* ဖိုးထူးသာ - "ကျွန်တော့် ကိုကြီးဆိုတာ ကြမ်းကြမ်းတမ်းတမ်းနဲ့ မာန်ထန်နေတဲ့ ပုံစံကြီးပေါ့ဗျာ။တကယ်တော့ တည်ငြိမ်ပြီး ကြင်နာတက်တဲ့ ပရဟိတသမားကြီးပါ။ဒါပေမဲ့လည်း ရိုက်ပြီဆို ရှယ်ကိုကျွေးတော့တာပါဘဲဗျာ။ ကိုကြီးချစ်တဲ့ မမ ပေါ်လာခဲ့ရင်ရော? အ...