Love started by those glasses 10

639 74 16
                                    

ဆောင်ဟွန်းလက်ဆကို အတော်လေးရှိန်သွားပုံရတဲ့ အီဒုံဟွီတို့က နောက်ပိုင်းဂျေးကိုပြဿနာလာရှာတာမျိုးမရှိခဲ့။

ဆောင်ဟွန်းတို့ကတော့ကျောင်းပိတ်ရက်တွေအပီးမှာ second semesterအတွက်လုံးပန်းနေရပီ။ထပ်ပီး ၅နှစ်တောင်ဒီလိုစာတွေပိနေအုန်းမှာကိုတွေးမိတော့ ခေါင်းတွေပါကိုက်လာသယောင်။

"ဆောင်ဟွန်း"

စာကြည့်စားပွဲမှာ စာလုပ်နေရင်း နားနားကပ်လို့ဂျေးရဲ့ခေါ်သံကြောင့် ဆောင်ဟွန်းကဘေးကိုလှည့်ကြည့်သည်။

"အင်း ပြော"

"အီဒုံဟွီက ငါ့ကိုစာပို့တယ်"

ဆောင်ဟွန်းမျက်နှာကချက်ချင်းကိုအလိုမကျဟန်ပြောင်းသွားတယ်။

"ဘာပို့တာလဲ"

"အားတဲ့အချိန်ကျတွေ့ပီးစကားပြောရအောင်တဲ့ ဒီမှာ"

ဂျေးထိုးပြလာတဲ့ ဖုန်းကိုယူကြည့်တော့ အီဒုံဟွီကဂျေးနဲ့စကားပြောဖို့ချိန်းထားပီး လိပ်စာကိုပါပို့ထားသည့်စာတစ်စောင်။ခန့်မှန်းကြည့်ရသလောက်တော့ အီဒုံဟွီကအသားမနာချင်ပေမယ့် ဂျေးကိုလဲလွှတ်ပေးမဲ့ပုံမပေါ်။ငွေလောဘအတော်ရှိဟန်တူသည်။

"သွားတွေ့မှာလား"

"အင်း သေလောက်အောင်ကျက်သရေမရှိပေမယ့် တွေ့ကြည့်ပီးစကားပြောကြည့်သင့်တယ်ထင်တယ်"

"မင်းသဘော သွားမဲ့နေ့ကျရင်တော့ငါ့ကိုပြော ငါပါလိုက်ခဲ့မယ်"

"ငါတစ်ယောက်တည်းလဲဖြစ်ပါတယ်"

"ဂျေး ငါမင်းကိုစိတ်မချဘူး"

လက်ဖောင်းဖောင်းနုနုလေးကိုအုပ်မိုးကိုင်ကာပြောလိုက်တော့ မျက်လုံးဝိုင်းဝိုင်းတွေနဲ့စိုက်ကြည့်လာသည်။

"အင်း"

နောက်နှစ်ရက်လောက်ကြာတော့ ကော်ဖီဆိုင်တစ်ဆိုင်မှာ အီဒုံဟွီတို့နဲ့တွေ့တယ်။ဂျေးဘက်ကပိုအချိန်ဆွဲထားချင်ပေမယ့် ဟိုဘက်ကတွေ့ရဖို့ကိုလောနေတာကြောင့်။

"မင်းတို့ကို ငါတိုတိုရှင်းရှင်းပဲပြောမယ်"

စားပွဲရဲ့တစ်ဖက်မှာထိုင်ချလိုက်တာနဲ့ ကော်ဖီမှာဖို့တောင်စကားတွေဘာတွေစမလာတော့ပဲ အီဒုံဟွီကတည့်တိုးပြောတယ်။

Love started by those glassesWhere stories live. Discover now