Love started by those glasses 4

680 77 5
                                    

"ဂျူနီယာလေး မင်းနာမည်ပတ်ဂျေးဟုတ်တယ်မလား"

ပုံမှန်နေ့တွေအတိုင်းကျောင်းကိုလာတာပေမယ့် ဒီနေ့မှထူးထူးဆန်းဆန်း ဘာလို့ volunteerလာတဲ့စီနီယာအုပ်စုတွေနဲ့တွေ့လဲ ဂျေးမစဉ်းစားတတ်။

"စီနီယာတို့ ဘာကိစ္စရှိလို့လဲ"

"နဲနဲလောက်ကစားကြည့်ချင်ရုံပါ"

ပြောပြောဆိုဆို နာယူဟိုက ဂျေးကိုလွယ်ထားတဲ့လွယ်အိတ်ကိုင်းကဆွဲလို့ ကျောင်းဆောင်လမ်းကြားထဲခေါ်သွားတယ်။ပြောရရင်ဒီလိုအခြေအနေမှာဂျေးအနေနဲ့ ဘယ်လိုတုံ့ပြန်ရမလဲမဆုံးဖြတ်တတ်ဘူး။ဘာမှထွေထွေထူးထူးမဟုတ်ဘူးထင်တာကြောင့် ပြဿနာမဖြစ်ချင်တာနဲ့ အသာပဲငြိမ်နေလိုက်တယ်။

"ဒီလိုကွာ" နံရံဆီကိုဂျေးကိုပစ်ပေါက်ရင်း ယူဟိုကပြောသည်။

"ဂျောင်းဟာကြိုက်တဲ့ကောင်လေးဆိုတော့ ဘယ်လိုပုံလေးလဲ သိချင်လို့လေ။အကိုတို့ကတစ်ခေါက်လောက်စူးစမ်းကြည့်မလားလို့ ကြည့်ရအောင်"

နားနားကပ်လာပီး ပါးနှစ်ဖက်ကိုလက်နဲ့ဇွတ်ဖျစ်ညှစ်ပီးပြောနေတာကြောင့် ဂျေးရဲ့ပါးနုနုတို့က နာလာရသည်။မျက်နှာကို ဟိုဘက်ဒီဘက်လှည့်ပီး စူးစမ်းသလိုကြည့်နေတဲ့ယူဟို့မျက်လုံးတွေက လှောင်ပြောင်နေသလိုလို။

"လှတော့လှသားပဲ။ဒါကြောင့်ဂျောင်းဟာကနှမြောတသဖြစ်နေတာနေမယ်။တကယ်လဲရိုက်ပုတ်ရမှာနှမြောစရာမျက်နှာလေးဖြစ်နေတော့ ဒီလိုလုပ်မလား။ဂျူနီယာလေးက ဂျောင်းဟာမဟုတ်ပဲ အကိုနဲ့စမ်းကြည့်ရင်ရော"

ဂျေးရဲ့မျက်လုံးညိုညိုတွေကိုစိုက်ကြည့်ပီး လျှာသပ်ကာပြောနေတဲ့ယူဟိုက တကယ့်ကိုရွံစရာအတိ။

"လွှတ်ပေးမလား။ကျွန်တော်ကလူအသိစိတ်မရှိတဲ့ဟာတွေနဲ့စကားပြောလေ့မရှိလို့"

မျက်နှာတချက်မပျက်ပဲ စိုက်ကြည့်လို့ပြောလိုက်တဲ့ဂျေးစကားကြောင့် အထိနာသွားသည့်ဟန် ယူဟိုကရှူးရှူးရှဲရှဲဖြစ်လာသည်။

"မင်းဘာစကားပြောတာလဲ"

ပါးကိုဖျစ်ထားတဲ့လက်ကိုလွှတ်ပီး ဂျေးမျက်နှာကိုထိုးချလိုက်တဲ့လက်သီးက အားပြင်းပြင်း။တပတ်လည်သွားတာကြောင့် မျက်မှန်ပါကျွတ်ကျသွားတဲ့အထိ။

Love started by those glassesWhere stories live. Discover now