အားရင်အားသလို ဆောင်ဟွန်းတို့ဆီလာတတ်တဲ့နီကိုးလ်အတွက် အခန်းပိုတစ်ခန်းက ကိုယ်ပိုင်အခန်းလိုတောင်ဖြစ်လို့နေပီ။တညနေလုံးလည်ပတ်ပီးပြန်လာတာနဲ့ အိမ်ရှင်ဖြစ်တဲ့ဆောင်ဟွန်းတို့ကိုတောင် နှုတ်ဆက်ခြင်းမပြုပဲ ခြေပစ်လက်ပစ်အခန်းထဲဝင်သွားတော့တယ်။
"ဂျေး ကြည့်အုန်း။သူ့အိမ်လားငါတို့အိမ်လားတောင် မသဲကွဲတော့ဘူး"
"မင်းသူငယ်ချင်းက မင်းအလိုလိုက်လို့ပျက်စီးနေပီလေ"
"မင်းလောက်တော့အလိုမလိုက်သေးပါဘူး အချစ်ကလေးရဲ့"
"သွားစမ်းပါ ရေသာသွားချိုး"
အနားဇွတ်ကပ်လာတဲ့ဆောင်ဟွန်းကို တွန်းလွှတ်ပီးဂျေးက မီးဖိုချောင်ထဲဝင်သွားလိုက်တယ်။
"ဟိုကောင်တွေ ရုတ်ရုတ်ရုတ်ရုတ်မလုပ်နဲ့နော် ငါအကုန်ကြားရတယ်"
"မင်းအိမ်လား ငါ့အိမ်လား ဟေ့ကောင်"
"ဆောင်ဟွန်းရယ် ရေသာသွားချိုးပါ သွား"
နီကိုးလ်နဲ့ဆောင်ဟွန်းပေါင်းမိတာလဲမပြောနဲ့။တစ်ယောက်ကလူမိုက် တစ်ယောက်ကလူဆိုး။တစ်ဖက်ကလဲ သူများအိမ်ပေါ်ထိတက်ပီးအော်ကျယ်အော်ကျယ် နောက်တစ်ဖက်ကလဲ နည်းနည်းပြောတာနဲ့များများကလော်တုတ်တဲ့လူမျိုး။သူငယ်ချင်းနှစ်ယောက်ကလိုက်လဲလိုက်တယ်။
ဂျေးရေမိုးချိုးပီးထွက်လာတဲ့အချိန်မှာ ဆောင်ဟွန်းက စာကြည့်စားပွဲမှာထိုင်လို့ ကုမ္ပဏီကိစ္စတွေလေ့လာနေသည်။နီကိုးလ်အခန်းကတော့တိတ်ဆိတ်လို့အိပ်သွားပီထင်။ဆောင်ဟွန်းကိုမနှောင့်ယှက်ချင်တာကြောင့် ဂျေးက တိတ်တဆိတ်ကုတင်ပေါ်တက်လှဲလိုက်သည်။မှေးမှေးမှေးမှေးနဲ့အိပ်ပျော်ခါနီးမှာ အနောက်ကနေအသံတခုကြားလိုက်ရသည်။
ဆောင်ဟွန်းက ဂျေးကုတင်ပေါ်တင်လာပီး ဂျေးကိုခါးကနေအသာဆွဲလို့ ဖွဖွလေးဖက်လိုက်သည်။ကွေးကွေးလေးအိပ်နေတဲ့ဂျေးက ဆောင်ဟွန်းရင်ခွင်ထဲ အလိုက်အထိုက်ကွက်တိကျလို့။စောင်ကိုလွှမ်းခြုံလိုက်ပီး ဆောင်ဟွန်းကဂျေးလည်ဂုတ်တွေဆီကပ်ကာ ရင်းနှီးနေပီးသားအနံ့မွှေးမွှေးကို တစ်ဝကြီးရှူရှိုက်ပစ်တယ်။ရေထိပီးခါစ ဘာlotionမှလိမ်းမထားတဲ့ဂျေးအသားအရေနုနုက ကြည်လင်အေးမျှနေပီး နှင်းဆီကိုယ်သင်းနံ့လှိုင်ထလို့။
YOU ARE READING
Love started by those glasses
Teen FictionHazel eyes under black glasses are so fucking dangerous!! park sunghoon + park jongseong written in burmese (both unicode and zawgyi available)