"ဆောင်ဟွန်း ဘာလုပ်နေတာလဲ"လက်ဒဏ်ရာကိုအကြောင်းပြပီးဆောင်ဟွန်းက ကုမ္ပဏီလဲမသွားသလို ကျောင်းလဲမသွား။ဆေးရုံဂျူတီလဲအနားယူထားပီး သုံးပတ်လုံးအိမ်မှာပဲနေဖို့စဉ်းစားထားသည်။လက်တင်မက မျက်နှာရော ခန္ဓာကိုယ်ပါ အထိုးခံထားရတာမလို့ မြင်သာထင်သာဒဏ်ရာတွေကို နေ့တိုင်းဆေးထည့်ပေးနေရတုန်း။ဆေးရုံကပြန်ရောက်ရောက်ချင်း ဖိနပ်တောင်မချွတ်နိုင်သေးပဲ ဆောင်ဟွန်းကိုတကြော်ကြော် အော်ခေါ်နေသည့်ဂျေးကို အသံကျယ်ကျယ်နှင့်အော်ထူးလိုက်သည်။
"ငါအခန်းထဲမှာ ဂျေး"
နွမ်းနယ်ဟန်ပေါက်နေတဲ့ဂျေးက လက်ဆွဲအိတ်ကိုတစ်ဖက် ဂျူတီကုတ်ကိုတစ်ဖက်ကိုင်ထားရင်း အခန်းထဲဝင်လာတယ်။
"ပင်ပန်းလာတာလား"
"အင်း ဒီိနေ့ ခွဲစိတ်ခန်းသုံးခုတောင်လိုက်ဝင်ခဲ့တာ။မင်း ဘာလုပ်နေတာလဲ"
"ဆေးထည့်နေတာလေ ခုနကရေချိုးပီးသွားလို့"
ဆေးသုတ်ထားတဲ့ဂွမ်းကိုမြှောက်ပြရင်း ဆောင်ဟွန်းကဆိုတယ်။ရေချိုးထားခါစ ဆောင်ဟွန်းအသားအရည်က နွားနို့အေးအေးလေးလိုကြည်လင်နေပီး ပါးလေးတွေ နားရွက်လေးတွေက ပန်းရောင်သန်းနေတယ်။ဂျေးရဲ့ရေချိုးဆပ်ပြာကိုသုံးထားတာမလို့ စတော်ဘယ်ရီနံ့လေးလှိုင်ထနေပီး ဆံပင်စလေးတွေက ရေစက်လက်ကျလို့။နှာရိုးနုနုပေါ်ကဒဏ်ရာရယ် နှဖူးစပ်နဲ့ ပါးပြင်ပေါ်ကဒဏ်ရာကိုမြင်နေရတာတော့ ဂျေးကမကြိုက်။ကိုင်ထားတဲ့ လက်ဆွဲအိတ်ကိုပီးစလွယ်ပစ်ချကာ ဆောင်ဟွန်းကုတင်ပေါ်တက်ထိုင်လိုက်ပီး ဆောင်ဟွန်းထိုင်နေတဲ့ခုံကို သူ့နားရောက်အောင်ဆွဲလိုက်တယ်။
"ဘာလို့ ငါ့ကိုမစောင့်တာလဲ"
လက်တစ်ဖက်တည်းနဲ့ ဆေးဗူးတွေဖွင့် အရက်ပြန်ဗူးတွေဖွင့်နှင့် ယောက်ယက်ခတ်နေတဲ့ဆောင်ဟွန်းကို ဂျေးကစိတ်ဆိုးပစ်ချင်သည်။ဂျေးရှိနေတာပဲကို ဆောင်ဟွန်းကဆေးထည့်တာတောင် ကိုယ်တိုင်လုပ်နေသည်။
"မင်းပဲ မင်းကိုဘာမှမလုပ်ခိုင်းနဲ့ဆို"
မျက်လုံးလေးပေကလပ်ပေကလပ်နဲ့ဆောင်ဟွန်းကနှုတ်ခမ်းအသာထော်လို့ပြောသည်။ဆောင်ဟွန်းစကားကြောင့် ဂျေးက ကျစ်ခနဲတစ်ချက်စုပ်သတ်လိုက်ပီး ဆံပင်တွေကိုထိုးဖွလိုက်သည်။
YOU ARE READING
Love started by those glasses
Teen FictionHazel eyes under black glasses are so fucking dangerous!! park sunghoon + park jongseong written in burmese (both unicode and zawgyi available)