"စာတွေကခက်လိုက်တာကွာ ငါတကယ်ကျောင်းထွက်ပီးအာလူးပဲစိုက်ချင်တော့တယ်"
"ကျောင်းဖွင့်တာနှစ်လပဲရှိသေးတယ် မင်းကအပိုတွေပြောပီ"
"တကယ်ကွ ငါတော့မင်းကိုမချီးကျူးပဲမနေနိုင်ဘူး ဆေးကျောင်းအပြင်စီးပွားရေးပါတပြိုင်နက်လေ့လာနေတာ မင်းဦးနှောက်ကိုလေးစားတယ်"
"ဘုရားပေးတဲ့ဆုလေကွာ ဟားဟား"
"ဆောင်ဟွန်း ငါအလုပ်သွားတော့မယ်"
နီကိုးလ်နဲ့ဖုန်းပြောနေရင်း ဂျေးရဲ့နှုတ်ဆက်စကားသံကြားတာကြောင့် ဆောင်ဟွန်းကဖုန်းကိုနားနားကခွာလို့ဂျေးကိုပြန်နှုတ်ဆက်တယ်။
"ကောင်းကောင်းသွားပီးကောင်းကောင်းပြန်လာခဲ့"
ဂျေးကအင်းခနဲအသံပြုလို့ ဆေးစာအုပ်တွေထည့်ထားတဲ့လွယ်အိတ်ကိုလွယ်ကာ အဆောင်ခန်းထဲကထွက်သွားတော့တယ်။
"ဂျေးကခုထိအချိန်ပိုင်းလုပ်နေတုန်းလား"
"အေး ပင်ပန်းမှာစိုးလို့မလုပ်ဖို့တားလဲနားမထောင်ဘူး"
"သူအထက်တန်းတုန်းကအချိန်ပိုင်းလုပ်တာက တက္ကသိုလ်အတွက်စုထားဆောင်းထားတာလို့ငါထင်နေတာ။အခုချိန်ထိလုပ်နေအုန်းမယ်ထင်မထားဘူး။မင်းတို့ဆေးမေဂျာကစာက များကများနဲ့မင်းဂျေးကိုသေချာနားချကြည့်အုန်း"
"ငါထပ်ပီးတော့ပြောကြည့်ပါအုန်းမယ်။ဂျေးကတခုခုဆိုအကူညီသိပ်လက်ခံချင်တာမဟုတ်ဘူး သူ့အားကိုယ်သူကိုးတဲ့သူဆိုတော့ ဘာမှထုတ်ပြောတာမဟုတ်ဘူးကွာ"
"သူကတစ်ယောက်တည်းရုန်းကန်ရတာကျင့်သားရနေပီမလို့နေမှာပါ။ဘေးနားမှာမင်းရှိပေးလို့တော်သေးတယ်ပြောရမယ်။ဂရုစိုက်လိုက်ပါအုန်း"
"ဂရုစိုက်မှာပါ ငါချစ်တဲ့လူပဲ။ကဲ ဒါဆိုဒီလောက်ပဲကွာ ငါစာလုပ်စရာရှိသေးတယ်။အားရင်တစ်ခေါက်လောက်တွေ့ကြတာပေါ့"
"အိုခေ တာ့တာ"
ဖုန်းချပီးတော့ဆောင်ဟွန်းကသက်ပြင်းအရှည်ကြီးချတယ်။မေဂျာကစာတွေကအရမ်းများပီးအရမ်းခက်တာသူ့ကိုယ်တွေ့။ဆောင်ဟွန်းတို့လိုပထမနှစ်ကျောင်းသားတွေတောင် အတော်လေးရုန်းကန်နေရတာ။ဒီအခြေအနေမှာဂျေးကို ညဘက်တွေပင်ပင်ပန်းပန်းအချိန်ပိုင်းမလုပ်စေချင်တာအမှန်ပဲ။အိပ်ရေးမဝတဲ့အပြင် စာတွေပါပိတာကြောင့် ဂျေးကပိန်ပိန်လာတာမြင်တော့ ဆောင်ဟွန်းကရင်ထဲမကောင်း။စားကောင်းတာလေးတွေဝယ်ဝယ်ကျွေးပေမယ့် အမြဲတမ်းဆိုဂျေးကလက်မခံ။သူတော့ဖြစ်နိုင်ရင် ဂျေးကိုအေးအေးဆေးဆေးလေးစာပဲသင်စေချင်တာ။
YOU ARE READING
Love started by those glasses
Teen FictionHazel eyes under black glasses are so fucking dangerous!! park sunghoon + park jongseong written in burmese (both unicode and zawgyi available)