"မောနင်း ဒီနေ့လဲငါ့မျက်နှာချောချောလေးကို လက်လွှတ်ပီး စာအုပ်ကိုကြည့်နေပြန်ပီလား""မင်း အသာနေစမ်းပါ"
ဆောင်ဟွန်းရဲ့ကျောင်းတက်ရသည့်နေ့ရက်တွေဟာ အရင်ကလို ပျင်းစရာမကောင်းတော့ပဲ ဘေးနားကမျက်မှန်ကောင်လေးကြောင့် ပျော်ရွှင်စရာအတိ။မနက်တိုင်းကျောင်းရောက်တာနဲ့ စာကြည့်နေတဲ့ဂျေးကို တွေ့တတ်ရသည်ဖြစ်ပီး မနက်တိုင်းဆောင်ဟွန်းကနှုတ်ဆက်နေကြအတိုင်းနှုတ်ဆက်သည်။ထိုအခါ ဂျေးက ဆောင်ဟွန်းကိုနှင်ထုတ်မည်ဖြစ်ပီး ဆောင်ဟွန်းကတော့ တဟားဟားအော်ရယ်လိမ့်မည်။
ဒါဆို မျက်မှန်ကောင်လေးအတွက်ကရော? ဂျေးကတော့ သူ့ပုံမှန်ကျောင်းတက်ရက်ကလေးတွေဟာ ဆောင်ဟွန်းကြောင့် တိတ်ဆိတ်မှုမရှိတော့တာကြောင့် ဆောင်ဟွန်းကိုသိပ်မကြည်ချင်။
"ဂျေး ငါတို့တူတူထိုင်လာတာ တစ်လတောင်ပြည့်တော့မယ်။မင်းကငါ့ကိုဆို ခါးခါးသီးသီးပဲနော်"
အခုလဲ ဆရာမက ကိုယ်ပိုင်စာကြည့်ချိန်ပေးထားတဲ့အချိန် အာရုံစိုက်နေတဲ့ဂျေးကို ဆောင်ဟွန်းကနှောင့်ယှက်လို့နေပြန်ပီ။
"မင်း ငါ့နာမည်ကိုရောသိရဲ့လား"
"ငါကကျောင်းသားအသစ်ဆိုတာရောသိရဲ့လား"
"မင်းနဲ့ငါနဲ့ ပထမဆုံးရက်တုန်းက လမ်းကြားထဲမှာဆုံဖူးတာရော မှတ်မိလား"
"ဂျေး ဂျေး"
"ဟေ့ မျက်မှန်ကောင်လေး"
"ပတ်ဂျေးရေ~~~~"
"ပတ်ဆောင်ဟွန်း မင်းငြိမ်ငြိမ်နေလို့မရဘူးလား။ငါစာလုပ်နေတယ်"
ဂျေးကလက်သီးများဆုပ်လို့ ခါးမတ်မတ်ထားပီး ပျော့တိပျော့ဖတ်ခုံပေါ်မှောက်အိပ်နေတဲ့ဆောင်ဟွန်းကို လှည့်ကြည့်ပီးပြောသည်။
"ငါ့နာမည်ကိုတော့သိသားပဲ" ဆောင်ဟွန်းက ပါးချိုင့်တွေပေါ်လာတဲ့ထိ မျက်လုံးများစုံမှိတ်လို့ ရယ်ပြရင်းပြောသည်။
"လပတ်စာမေးပွဲနီးနေပီ။မင်းကဘယ်လိုသဘောထားလဲမသိပေမယ့် ငါ့အတွက်ကဘယ်စာမေးပွဲမဆိုအရေးကြီးတာမလို့ မနှောင့်ယှက်နဲ့"
YOU ARE READING
Love started by those glasses
Teen FictionHazel eyes under black glasses are so fucking dangerous!! park sunghoon + park jongseong written in burmese (both unicode and zawgyi available)