"ဂျောင်းဟာ ကျေးဇူးပြုပီးငါ့မျက်မှန်ကိုပြန်ပေးပါ""ဟားဟားလိုချင်ယူလေ မမှီတာလဲမဟုတ်ပဲဘာတွေကြောက်နေတာလဲ လာစမ်းပါ"
"ဂျွန်ဂျောင်းဟာ ငါပြဿနာမဖြစ်ချင်တာမလို့ ပြန်ပေးပါ"
လူများရင်စိတ်ရှုပ်တတ်လွန်းလို့ ကျောင်းကိုစောလာခဲ့သည့်တိုင် ကျောင်းဆောင်လမ်းကြားထဲ ဆူညံဆူညံလုပ်နေသူများကို တချက်စုတ်သပ်လို့မှောင်ကုတ်ကုတ်ကြည့်လိုက်သည်။
ကျောင်းသားတစ်ယောက်က နောက်ကျောင်းသားတစ်ယောက်ဆီက မျက်မှန်ကိုလုယူကာစနောက်နေသည့်ပုံပင်။မျက်မှန်အလုခံထားရသည့်ကောင်လေးက သူထင်ထားလိုသေးညှပ်ညှပ်မဟုတ်ပါပဲ ပြန်လုယူရင်အလွယ်လေးမှီသည်ကို တချက်ကလေးမှမလှုပ်။ကြည့်နေသည့်ဆောင်ဟွန်းကပဲမွန်းကြပ်လာရသည်။
ကျောင်းပြောင်းလာခါစပထမဦးဆုံးရက်ဖြစ်လို့ ပြဿနာမဖြစ်ချင်တာကြောင့် ကျော်သွားလိုက်ချင်ပေမယ့် တဟားဟားအော်ရယ်နေတဲ့ဘူလီကောင်ရဲ့အသံဆိုးကြီးကနားထဲကန့်လန့်ဝင်လာတာမလို့ ဆောင်ဟွန်းရဲ့နှုတ်ခမ်းများကမဲ့ရွဲ့သွားသည်။
ခြေလှမ်းသုံးလှမ်းလောက် အနီးကပ်သွားအောင်လျှောက်သွားလိုက်ပီး ပုခုံးပေါ် ပီးစလွယ်တင်လွယ်ထားတဲ့ လည်သာလွယ်အိတ်အမဲရောင်ကို အားကုန်သုံးလို့ ပစ်ပေါက်ချလိုက်သည်။
"ဘယ်ကကောင်တုန်းကွ!!"
မျက်မှန်ကိုင်လို့မြှောက်ထားတဲ့လက်ကို တည့်တည့်အပေါက်ခံလိုက်ရတဲ့ ဘူလီကောင်က တရှူးရှူးတရှဲရှဲအော်သည်။
လောကကြီးကိုဂရုမစိုက်သလို ဘာမထီရပ်နေတဲ့ဆောင်ဟွန်းကိုမြင်တော့ လက်ညိုးငေါက်ငေါက်ထိုးရင်း "မင်းဘာလုပ်တာလဲ ရူးနေတာလား"
ဆောင်ဟွန်းက ပါးစပ်ထဲဝါးနေတဲ့ပီကေကို ပူဖောင်းအသေးလေးဖြစ်အောင်မှုတ်လိုက်ပီး ထိုပူဖောင်းလေးကို ဖောက်ခနဲမြည်အောင် ကိုက်ချလိုက်ပီးမှ စကားဆိုသည်။
"မနက်စောစောကို ခွေးဟောင်သံတွေဆူနေလို့လေ။ငါ့ရဲ့အေးချမ်းတဲ့မနက်ခင်းလေးက မင်းကြောင့်ပျက်စီးသွားရပီမလား"
YOU ARE READING
Love started by those glasses
Genç KurguHazel eyes under black glasses are so fucking dangerous!! park sunghoon + park jongseong written in burmese (both unicode and zawgyi available)