Love started by those glasses 6

856 74 14
                                    

စိတ်ရှိတိုင်းလုပ်ပီးမှတွန့်တိုနေတဲ့ဆောင်ဟွန်းခမျာ သူ့ကျောင်းအင်္ကျီကိုပါချွတ်ပီးဂျေးကိုဇွတ်ခြုံပေးဖို့လုပ်နေလေရဲ့။

"ခြုံပါဆို ဂျေးကလဲ"

"ရား!!ပတ်ဆောင်ဟွန်း အင်္ကျီပြန်ဝတ်ထားစမ်းပါ"

ဒီနေ့မှအပေါ်အင်္ကျီမခြောက်သေး၍ဆိုပီး ရှပ်လက်ရှည်အဖြူတစ်ထည်ပဲဝတ်လာခဲ့တဲ့ဆောင်ဟွန်းက အခုစွပ်ကျယ်အဖြူလက်ပြတ်တစ်ထည်နဲ့ ဖြူဖွေးဖွေးပေါ်လွင်နေသောသူ့လက်မောင်းသားတွေကိုတောင်ဂရုမစိုက်နိုင်။အင်္ကျီအတင်းခြုံပေးခံနေရတဲ့ဂျေးကအတင်းတွန်းလွှတ်နေသည့်တိုင် ဆောင်ဟွန်းကလက်မလျှော့။

"ကျောင်းခန်းထဲမှာ ငါ့အပေါ်ဝတ်ရှိတယ်လို့။အခန်းထဲရောက်ရင်ဝတ်လိုက်ပါ့မယ်ဆိုနေ"

"မရဘူးဂျေးအီရား မင်းအခုဘယ်လောက်တောင်ရူးသွပ်နေအောင်ဆွဲဆောင်မှုရှိလွန်းလို့ စိတ်ရှိတိုင်းပစ်မှားချင်စရာကောင်းနေလဲဆိုတာမင်းကိုယ်မင်းသိရဲ့လား။လမ်းမှာရှိတဲ့ဘယ်ကောင်မှ မင်းပေါ်ကိုအကြည့်ရောက်လာတာမျိုး ငါမလိုချင်ဘူး။ခြုံထားပါဆိုကွာ"

ဂျေးရဲ့လည်ပင်းတွေကိုစိုက်ကြည့်ရင်း တံတွေးမျိုချကာပြောလာတဲ့ဆောင်ဟွန်းကြောင့် ဆောင်ဟွန်းလက်မောင်းတွေကိုကိုင်ရင်းတွန်းလွှတ်နေတဲ့ဂျေးလက်တွေကရပ်တန့်သွားတယ်။

သူသိတယ် အခုအချိန်မှာတယောက်ယောက်သာဆောင်ဟွန်းကိုမတားဘူးဆိုရင် ဆောင်ဟွန်းရဲ့အနမ်းတွေကသူ့ခန္ဓာကိုယ်ထက်တစ်ဖန်ကျူးကျော်လာပြန်မှာအသေအချာပဲ။သို့သော် သူကိုယ်တိုင်ကတော့ဖြင့် ဆောင်ဟွန်းကိုတားမြစ်မဲ့တယောက်ယောက်မဖြစ်ချင်ပါ။

လှုပ်ရှားမှုတွေရပ်တန့်သွားပီးတဲ့နောက်မှာ ဆောင်ဟွန်းရဲ့ခေါင်းကဂျေးဆီတဖြေးဖြေးတိုးလာတယ်။စက္ကန့်ပိုင်းအတွင်းမှာ ထိကပ်တော့မဲ့နှုတ်ခမ်းအစုံက အချိန်ကိုက်တံခါးကိုပြင်းပြင်းထန်ထန်တွန်းဖွင့်လိုက်တဲ့အသံကြောင့် ရပ်တန့်သွားရတော့တယ်။

"ဆောင်ဟွန်း!!"

အချစ်ငှက်လေးတွေတစ်တစ်တူးနေတဲ့ကြည်နူးမှုလေးကို ဝင်ရောက်ဖျက်ဆီးလေတဲ့ နီကိုးလ်လပ်စ်ကတော့ ဆောင်ဟွန်းစိတ်ထဲကနေပစ်ပစ်နှစ်နှစ်ဆဲတာ ခံနေရလောက်ပီ။

Love started by those glassesWhere stories live. Discover now