Episode 1

1.2K 56 6
                                    

Unicode

"Modelတွေအဆင်သင့့်ဖြစ်ပြီလား"

"အင်းငါခုနကပဲသွားကြည့်လာတာ
အဝတ်လဲနေကြပြီ"

"အဲ့တာဆိုငါပွဲထဲတစ်ချက်ပြန်သွားကြည့်
ဦးမယ်"

ချန်းယန်ကိုပြောပြီးသည်နဲ့ရှောင်းကျန့်
နားနေခန်းထဲမှထွက်လာခဲ့ကာ model တွေ
လျှောက်ရမည့်စတိတ်စင်ဘက်သို့ကြည့်ရန်
လျှောက်လာခဲ့သည်။


"Boss Wang! သတင်းထောက်တွေရောက်နေ
ပြီပြောတယ်"

"ဒီပွဲစဥ်ပြီးမှလေလံပွဲစမှာ"

လုကျန်းပြောနေသည်ကိုခေါင်းတငြိမ့်ငြိမ့်
လုပ်ရင်းလျှောက်နေစဥ်

ဒုတ်!

ရိပေါ် ဘေးမှဖြတ်လျှောက်သွားသည့်ကောင်
လေးတစ်ယောက်။

ထိုကောင်လေးခလုတ်တိုက်ပြီးမြေပြင်ပေါ်
လဲမကျခင်မှာပဲလက်ကောက်ဝတ်သေးသေး
လေးကိုရိပေါ် တင်းကျပ်စွာဖမ်းဆုပ်ထား
လိုက်သည်။


ရိပေါ် ခြေလှမ်းတွေကသူနဲ့ဆန့်ကျင်ဘက်
အနေထားဖြစ်နေသည့်ရှောင်းကျန့်ရှိရာဆီ။

အနောက်ကိုတစ်လှမ်းရွေ့သွားပြီးသူ
ဆုပ်ကိုင်ထားတဲ့လက်ကောက်ဝတ်ပိုင်ရှင်ကို
ငေးကြည့်မိတော့...

ရိပေါ် မျက်ဝန်းတွေနှင့်ထပ်တူကျစွာငေး
ကြည့်နေတဲ့မျက်ဝန်းတစ်စုံကညှို့အားပြင်း
ပြင်းစွာဆွဲဆောင်နေခဲ့သည်။

ရိပေါ် အကြည့်မခွာနိုင်အောင်ထိဆွဲဆောင်မှု
ရှိတဲ့မျက်နှာသေးသေးလေးမှာ

ဖြောင့်တန်းပြီးလှပတဲ့မထူမပါးမျက်ခုံးလေး
တွေရှိတယ်။
နောက်ပြီးလူတိုင်းကိုညှို့ယူတတ်တဲ့အကြည့်
နဲ့မျက်ဝန်းအိမ်။

ဖြောင့်စင်းချောမွတ်နေတဲ့နှာတံလေးရယ်။
ပါးလျနီရဲတဲ့နှုတ်ခမ်းပါးနဲ့ထိုနှုတ်ခမ်းပါး
အောက်ကမှဲ့နက်လေးတစ်ခု.....။

ဖြူဖွေးရှင်းသန့်နေတဲ့လည်တိုင်ကိုဖော်
ထားတဲ့ရှပ်အကျီတို့ဆီအကြည့်ရောက်မိစဥ်

ရိပေါ် အာခေါင်တစ်ခုလုံးခြောက်သွေ့လာ
သည်။

ခြောက်ကပ်နေတဲ့လည်ချောင်းတွင်း
တံတွေးမြိုချမိတော့လှုပ်ခတ်သွားတဲ့ရိပေါ်
ရဲ့ချွန်ထွက်နေတဲ့လည်စိဆီအကြည့်ရောက်
နေတာကရှောင်းကျန့်။

𝙇𝙤𝙫𝙚 𝙇𝙞𝙠𝙚 𝘼 𝙃𝙚𝙡𝙡Where stories live. Discover now