[ Unicode ]
"မင်းပြောတော့မုန်းတယ်ဆို..."
ဘေးနားမှာရှိနေတဲ့ရိဖေးကိုမျက်မှောင်စုကျုံ့
ကြည့်ပြီးနှုတ်ခမ်းမဲ့တဲ့ကျန်းဝေ။"အဲ့တော့.."
"မုန်းတဲ့ကောင်နဲ့တနေကုန်အတူရှိနေတယ်
လေ"ိရိဖေးစကားကြောင့်သက်ပြင်းချတဲ့ကျန်းဝေ
ကစိတ်ကုန်နေသည့်အမူအရာဖြင့်ခေါင်းခါ
လိုက်ပြီး"မင်းနဲ့နေချင်လို့နေနေတယ်များထင်နေလား
ငါ..စဥ်းစားစရာလေးတွေရှိနေလို့""ဘာလဲ"
"ခေါင်းသေးသေးလေးနဲ့ဥာဏ်ရည်မမှီဘဲဘာ
တွေစဥ်းစားနေတာလဲ"ဟုပြောလည်းပြော၊ကျန်းဝေခေါင်းကိုပါလက်
နှစ်ဖက်နဲ့အုပ်ကိုင်ပြီးလှုပ်ရမ်းရင်းပြောတာ
ကြောင့်သူ့ခေါင်းပေါ်ရှိရိဖေးလက်ကိုဖယ်
ထုတ်လိုက်တဲ့ကျန်းဝေ။"ငါ့အသားကိုမထိနဲ့"
"ခေါင်းလေးကိုင်တာများ!အပိုတွေလုပ်နေ
တယ်""မင်းမလို့မကြိုက်တာဟုတ်ပြီလား"
ထိုသို့ပြောတော့ဖြေးဖြေးချင်းခေါင်းခါရင်း
ရယ်တဲ့ရိဖေးမျက်နှာပေါ်ကအပြုံးတွေကို
တွေ့လိုက်ရသည့်ကျန်းဝေတစ်ယောက်
အကြည့်မလွှဲဘဲနေနေတော့သည်။"မင်း.."
"ဘာလဲ"
"မင်းအဲ့လိုရယ်တတ်တယ်ပေါ့"
"ဘာ"
"ခုနကလေ"
"မင်းရယ်နေတာ...တစ်မျိုးပဲ
မင်းနဲ့မလိုက်တဲ့အပြုံးမျိုး~~""ဘယ်လိုရယ်လို့လဲ"
မေးငေါ့ပြီးမေးတဲ့ရိဖေးမျက်နှာကခုနကနဲ့
တစ်ခြားစီတည်တံ့သွားပြီးကျန်းဝေမျက်နှာ
နားပိုကပ်လာကာ"ဖြေလေငါဘယ်လိုရယ်လို့လဲ"
"နူးညံ့တဲ့အပြုံးလေ~~
မင်းနဲ့တစ်စက်မှမလိုက်တဲ့အပြုံး"
စက္ကန့်ပိုင်းလေးငြိမ်သက်သွားပေမယ့်အကြည့်ချင်းဆုံနေတဲ့နှစ်ယောက်ကြားထဲတွင်
ရိဖေးကအရင်အကြည့်လွှဲသွားပြီးမှထရပ်
လိုက်သည်။
YOU ARE READING
𝙇𝙤𝙫𝙚 𝙇𝙞𝙠𝙚 𝘼 𝙃𝙚𝙡𝙡
FanfictionYizhan(BJYX) FanFiction⚠⚠ Not Related in real life (Don't be serious) If u don't like drama,marriage ,or cheating like a very heavy drama..then u shoudn't read this⚠ Plz skip this fan fiction.