[ Unicode ]
ခွပ်!
ရိပေါ်ကိုမြင်သည်နှင့်မျက်နှာတည့်တည့်အား
ထိုးလိုက်သောချန်းယန်။အနောက်ကိုယိုင်သွားတဲ့ရိပေါ်ကိုယ်လဲမကျ
အောင်အသံ
ကြားတာနဲ့ချက်ချင်းပြေးလာတဲ့ရှောင်းကျန့်
ကအနောက်ကနေပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်လို့
ဖမ်းထိန်းထားတယ်။"ချန်းယန်?"
"သူကဘယ်လိုလုပ်ရောက်လာပြန်တာလဲ
ရှောင်းကျန့်ငါ့ကိုပြော""မင်းစိတ်အေးအေးထားဦးအခန်းထဲအရင်
ဝင်ပြီးမှ...""မဝင်နိုင်ဘူးငါမေးတာမဖြေမချင်း
မင်းဒီကောင်နဲ့ဇာတ်လမ်းပြတ်ပြီကိုဘယ်လို
လုပ်ထပ်ပြီး....""ဝမ်ကငါမူးနေတာတွေ့လို့အိမ်ပြန်ခေါ်လာ
ပေးရုံပဲချန်းယန်
ကျန်တဲ့ကိစ္စဘာမှမရှိဘူး""မရှိရင်ခုပြန်ခိုင်းတော့"
တစ်ခုခုပြန်ပြောဖို့ပြင်နေတဲ့ရိပေါ်ကသူ့လက်
မောင်းကိုဆုပ်ကိုင်ထားတဲ့ရှောင်းကျန့်ကြောင့်
ငြိမ်နေပြီးသက်ပြင်းခပ်တိုးတိုးချသည်။"ဝမ်ကခဏနေပြန်တော့မှာပါ~ဟုတ်တယ်
မလားဝမ်~"ရိပေါ်မျက်ဝန်းတွေကိုသေချာငေးကြည့်ရင်း
ပြောတော့ကလေးတစ်ယောက်သဖွယ်
ရှောင်းကျန့်ကိုဖြေးဖြေးချင်းခေါင်းငြိမ့်ပြ
သည့်ရိပေါ်ကလေပြေလေးနှင့်ပြောလာခဲ့
သည်။"အင်းကိုယ်ပြန်တော့မယ်အိမ်ရောက်မှစာပို့
လိုက်မယ်နော်"ရှောင်းကျန့်ကခေါင်းငြိမ့်ပြပေမယ့်အပေါက်ဝ
မှာရပ်နေသည့်ချန်းယန်က'စာပို့မယ်'ဟု
မသွားခင်ပြောသွားသောရိပေါ်စကားကြောင့်
ထွက်သွားတဲ့ရိပေါ်ကိုမရမကလှမ်းအော်ပြော
သေးသည်။"ခွေးကောင်မင်းဘာမှဆက်သွယ်စရာမလို
ဘူး""တော်တော့ချန်းယန်"
"မင်းအထဲဝင်မှာလားမဝင်ဘူးလား"
တံခါးနားရပ်နေသည့်ချန်းယန်ကခုမှလေပြေ
လေးနှင့် 'ဝင်မှာ'ဟုခပ်တိုးတိုးပြောသည်။
YOU ARE READING
𝙇𝙤𝙫𝙚 𝙇𝙞𝙠𝙚 𝘼 𝙃𝙚𝙡𝙡
FanfictionYizhan(BJYX) FanFiction⚠⚠ Not Related in real life (Don't be serious) If u don't like drama,marriage ,or cheating like a very heavy drama..then u shoudn't read this⚠ Plz skip this fan fiction.