Episode 14

365 35 0
                                    

[ Unicode ]


ဘေးမှာရှိနေတဲ့ရှောင်းကျန့်ကိုမယုံကြည်နိုင်
စွာငေးကြည့်နေသည့်ရိဖေး။
သောက်လက်စခွက်ကိုစားပွဲပေါ်ချပြီးဆက်
တိုက်၊မရပ်မနားသောက်နေတဲ့ရှောင်းကျန့်ကို
ပဲအာရုံစိုက်လျက်ရှိသည်။

"မင်းချစ်မိသွားတာငါမယုံနိုင်ဘူး"

ဘာစကားမှမပြောတဲ့ရှောင်းကျန့်ကဘေးမှာ
ထိုင်နေတဲ့ရိဖေးကိုခေါင်းစောင်းကြည့်ရုံသာ
ကြည့်၏။

"မင်းအဲ့တာကိုသဘောတူတာသေချာပြီနော်"

"မသေချာရင်ငါဒီရောက်မနေဘူး"

"တော်သင့်ပြီ!ခဏနေငါပြန်လာရင်သွားမယ်"

Toiletရှိရာဆီလျှောက်သွားတဲ့ရိဖေးထွက်
သွားမှခပ်လှမ်းလှမ်းကဝိုင်းမှာရှိနေသည့်
ရိပေါ်ကရှောင်းကျန့်ရှိရာထောင့်ကျသည့်စား
ပွဲနားသို့ရောက်လာသည်။

"ရှောင်း!"

"ဝမ်?"

ရိပေါ်မျက်ဝန်းများကိုမော့ကြည့်လာသူက
အသိစိတ်ရှိတော့သည့်ပုံမဟုတ်။တော်တော်
မူးနေပြီပင်။

ဘယ်လောက်တောင်သောက်ထားလဲမသိ။
ဘာတွေဖြစ်နေလို့အဲ့လောက်တောင်....

"ခုနကကောင်ကဘယ်သူလဲ!"

"ဝမ်..လား?"

"ကိုယ်မေးတာပဲဖြေရှောင်းကျန့်"

"ဝမ်..ဟုတ်တယ်မလား...?
ဟုတ်နေတာပဲအဲ့မျက်ဝန်းတွေ~~စိုက်ကြည့်
နေတာကိုကဝမ်မှဝမ်အစစ်ပဲ~~!"

"ခုနကကောင်နဲ့ဘာတွေလဲ?အဲ့တာပဲဖြေ!"

"ဝမ်နဲ့ကျွန်တော်နဲ့ဘာဆိုင်သေးလို့လဲ!
ခင်ဗျားမှာမိန်းမရောကလေးရောရှိတယ်!
ကျွန်တော်ကခင်ဗျားတွက်ဘာမှမဟုတ်ဘူး~"

"ဘယ်သူပြောလဲ!မင်းကကိုယ့်အတွက်ဘာ
အဓိပ္ပါယ်မှမရှိဘူးလို့~~"


ဘေးနားဝင်ထိုင်တဲ့ရိပေါ်ကရှောင်းကျန့်မေး
စေ့အားအသာယာမော့ကိုင်ရင်းပြောသည်။

"ကိုယ်မင်းကိုအမြဲချစ်နေမှာလို့ကိုယ်ပြောခဲ့
ပြီးသားပဲ"

"ဝမ်~~ဝမ်ကတော့ဘယ်တော့မှထွက်သွားမဲ့
သူမဟုတ်ဘူးလို့ထင်ခဲ့တယ်"

𝙇𝙤𝙫𝙚 𝙇𝙞𝙠𝙚 𝘼 𝙃𝙚𝙡𝙡Where stories live. Discover now