[ Zawgyi ]
"ကို..မနေ့ညကတစ်ညလုံးဘယ်ရောက်နေ
တာလဲ"ရိပေါ် အားနက်ခ်တိုင်စည်းပေးရင်းမေးလာ
သည့်ယိရှင်း။"ဦးလေးချန်နဲ့သောက်ရင်းအဲ့အိမ်မှာပဲအိပ်
ပျော်သွားလို့"ရှင်းမျက်ဝန်းတွေကိုကျောခိုင်းရင်းရိပေါ်
ဖြေလိုက်သည်။
ဲ"ဦးလေးချန်ကထပ်ပြီးအကြွေးတွေရှိနေလို့
လား။ဘာဖြစ်လို့လဲ
ကို့မှာပြဿနာရှိနေရင်ရှင်းကိုပြောလေ""မရှိပါဘူး ကို့ ဦးလေးကိုသတိရလို့သွားတွေ့
တာ""အင်းဘာပဲဖြစ်ဖြစ် ကို လိုတာရှိရင်အရင်လို
မဖုံးကွယ်ဘဲရှင်းကိုအကုန်ပြောရမယ်နော်""အင်းစိတ်ချပါ။ကိုယ်ပြောပါ့မယ်"
"အာ..ပြီးတော့ကိုယ်ဒီပတ်ထဲခရီးထွက်ရဦး
မယ်ထင်တယ်။အပန်းဖြေစခန်းအသစ်တွက်
Vlogရိုက်မဲ့ပုံစံကိုသေချာသွားစစ်ရမှာမို့""ဟုတ်လား။ဒါဆို ရှင်းနဲ့ကလေးတွေပါလိုက်
ခဲ့မယ်လေပိတ်ရက်ဆိုတော့တစ်မိသားစုလုံး
သွားတာပေါ့"ရှင်းပုခုံးစွန်းနှစ်ခုကိုရိပေါ် ဆုပ်ကိုင်ရင်းပြော
လိုက်သည်။"ရှင်း ကိုယ်ကအလုပ်ကိစ္စနဲ့သွားမှာလေ။
အပျော်သွားတာမဟုတ်တော့မင်းနဲ့ကလေး
တွေကိုဂရုစိုက်နိုင်မှာမဟုတ်ဘူး""အင်းအဲ့တာလည်းဟုတ်တာပဲ"
"ပြီးတော့ကိုယ်ကတစ်ရက်နှစ်ရက်ထက်ပို
နေရင်ကျောင်းနဲ့အလုပ်တွေနောက်ကျကုန်
မှာပေါ့""အင်းပါ။ရှင်း သိပါပြီ။ကိုမနက်စာစားပြီးမှ
သွားနော်""မစားတော့ဘူး။ကိုဒီနေ့စောစောသွားရမယ်"
အောက်ထပ်ရှိထမင်းစားခန်းထဲတွင်ရှိနေ
သည့်ကလေးနှစ်ယောက်ကိုနှုတ်ဆက်ပြီး
ထွက်လာတော့ကားထုတ်နေသည့်
ပါးကျန်းဟုန်ရဲ့Driverကိုတွေ့ရသည်။"ရိပေါ် .."
"ပါး..Hotelသွားတော့မို့လား"
"အင်းမင်းရောမနက်စာစားပြီးပြီလား"
أنت تقرأ
𝙇𝙤𝙫𝙚 𝙇𝙞𝙠𝙚 𝘼 𝙃𝙚𝙡𝙡
أدب الهواةYizhan(BJYX) FanFiction⚠⚠ Not Related in real life (Don't be serious) If u don't like drama,marriage ,or cheating like a very heavy drama..then u shoudn't read this⚠ Plz skip this fan fiction.