Episode 13

357 40 5
                                    

[ Unicode ]


ဝေဝါးနေတဲ့မျက်နှာကျက်..နဲ့
သူ့​ဘေးကိုကြည့်လိုက်တဲ့ချိန်ဆိုဖာပေါ်က
ခပ်ဝါးဝါးပုံရိပ်ထဲကကောင်လေးကိုမြင်လိုက်
ရချိန်ကုန်းထပြီးအခြေအနေကိုသုံးသပ်ကြည့်
မိသည်။

သူမနေ့ညကဘာတွေလုပ်ခဲ့တာလဲ။
အဝတ်လွတ်တွေနဲ့သူ့မျက်စိရှေ့ရှိနေတဲ့
သူနဲ့မတည့်တဲ့ကောင်လေးကရိဖေးရှေ့
ရောက်နေတာကိုချက်ချင်းနားမလည်နိုင်သေး။

အိပ်ပျော်နေတဲ့ကောင်လေးပါးပြင်ကိုလက်နဲ့
အသာပုပ်ပြီးလှုပ်နှိုးတော့ခပ်တိုးတိုးငြီးသံနဲ့
အတူလှုပ်ရှားလာခဲ့၏ ။

'အ့..မလုပ်~'

"ဘာတွေပြောနေတာလဲမင်း~"

ပါးစပ်ကထွက်လာတဲ့အသံကတိုးလွန်းလို့ဘာ
မှမကြားရ။နားထောင်မနေဘဲပါးပြင်ကိုပို
ကြမ်းကြမ်းရိုက်ပြီးနှိုးလိုက်သည်။

သူနှိုးပြီးမကြာ။ဖွင့်လာတဲ့မျက်ဝန်းတစ်စုံက
ခပ်စိမ်းစိမ်းအကြည့်တွေနဲ့ရိဖေးကိုကြောက်
စရာကောင်းအောင်စိုက်ကြည့်ကာချက်ချင်း
ထထိုင်ပြီးတာနဲ့

ခွပ်!

အားပြင်းတဲ့ကျန်းဝေရဲ့လက်သီးချက်ကြောင့်
ကြမ်းပြင်ပေါ်လဲကျသွားတဲ့ရိဖေး။

အဝတ်ဗလာနဲ့အပေါ်စီးကနေအုပ်မိုးကြည့်နေ
တဲ့ကောင်လေးရဲ့မျက်ဝန်းကိုရိဖေးဆုံကြည့်
လိုက်ပြီး

"မနေ့ညကဘာတွေဖြစ်ခဲ့တာလဲ"

ခွပ်!

ခွပ်!

ရိဖေးအပေါ်ခွထိုင်၍နောက်ထပ်နှစ်ချက်
လောက်ထပ်ထိုးတဲ့ကျန်းဝေကဒေါသမပြေ
သေး၍လက် ထပ်ရွယ်လိုက်ချိန်ရိဖေးပြော
လိုက်သည့်စကားကြောင့်လေထဲမြှောက်ထား
တဲ့ကျန်းဝေလက်ကရပ်တန့်သွားသည်။

"ငါတောင်းပန်တယ်ငါတမင်လုပ်တာမဟုတ်
ဘူး"

အောက်ကကောင်ရဲ့မျက်ဝန်းကိုကြည့်လိုက်
တော့အရင်တစ်ခါနဲ့တူမနေဘဲအားနာတာလို
လိုတောင်းပန်တာလိုလို၊နဲ့အသနားခံကြည့်
နေတာကပိုရွံစရာကောင်းနေသည်မို့ကျန်းဝေ
ခွတက်ထိုင်တာဖယ်လိုက်ပြီးအင်္ကျီထဝတ်နေ
လိုက်သည်။

𝙇𝙤𝙫𝙚 𝙇𝙞𝙠𝙚 𝘼 𝙃𝙚𝙡𝙡Место, где живут истории. Откройте их для себя