Episode 17

469 39 11
                                    

[ Unicode ]




အဆောက်ဦးထဲကထွက်လာတဲ့ရှောင်းကျန့်
ကိုမြင်တော့ချန်းယန်အနားလျှောက်သွား
လိုက်ပြီး


"ဘယ်လိုလဲအဆင်ပြေရဲ့လား"

"အင်း"

နွမ်းလျတဲ့ရှောင်းကျန့်အသံကဟန်ဆောင်နေ
မှန်းသိသာသည်။
သို့သော်ထောင့်တစ်နေရာကအရိပ်တစ်ခုကို
လှမ်းမြင်လိုက်တဲ့ရှောင်းကျန့်မျက်ဝန်းတွေ
ကထိုနေရာကိုအကြည့်ရောက်သွားပြီးလှမ်း
သွားဖို့ပြင်ပေမယ့်ဘေးကချန်းယန်ကလက်
ဆွဲပြီးတားထားတာကြောင့်ရှောင်းကျန့်
ခြေလှမ်းတွေရပ်တန့်သွားသည်။


"မင်းအိုခေရဲ့လား"

"အင်..အင်းအိုခေတယ်"

"အိုခေရင်ဘာလို့စိတ်နဲ့လူနဲ့မကပ်တဲ့ပုံဖြစ်နေ
လည်း..."

"နောက်မှပြောရအောင်ငါအခုသွားစရာရှိ
တယ်"

"ဘယ်လိုဖြစ်တာလဲငါ့ကိုမပြောတော့ဘူး
လား"

"ငါ.."

"ပြန်လာမှပြောမယ်"ဟုပြောပြီးကားရှိရာသို့
ထွက်သွားတာကြောင့်ချန်းယန်ရဲ့'ရှောင်းကျန့်'ဟူသောခေါ်သံကိုမကြားလိုက်တော့။

~~


ယိရှင်းရဲ့Studioကိုရောက်တာနဲ့ရှောင်းကျန့်
ကားပါကင်ထိုးပြီးအထဲကိုသွက်လက်တဲ့
ခြေလှမ်းတွေနဲ့ဝင်လာခဲ့လိုက်သည်။



ကောင်တာကကောင်မလေးရဲ့နှုတ်ဆက်
စကားသံကိုလျစ်လျူရှုကာအထဲထိတစ်ခန်း
ဝင်တစ်ခန်းထွက်ဝင်ပြီးယိရှင်းကိုရှာပေမယ့်
မတွေ့။

အနောက်ကလိုက်လာတဲ့ဝန်ထမ်းကောင်မ
လေးမှ

"ဧည့်သည်အဲ့လိုလုပ်လို့မရပါဘူး!"

"ကျွန်တော်ဒီStudioပိုင်ရှင်နဲ့စကားပြောချင်တယ်!"

"မရပါဘူး!Appointmentယူပြီး...."

"ဘယ်သူလဲငါနဲ့တွေ့ချင်တာ"

ဝန်ထမ်းကောင်မလေးစကားမဆုံးခင်ဖြတ်
ပြောကာရောက်လာသောယိရှင်း။
သူမနဲ့ရှောင်းကျန့်အလယ်တွင်ရှိနေသော
ကောင်မလေးကြောင့်ရှောင်းကျန့်မျက်နှာကို
မမြင်ရသေး၍မေးလိုက်ပေမယ့်သူမရှိရာ
ဘက်တည့်တည့်လျှောက်လာတဲ့ရှောင်းကျန့်
ကိုမြင်တော့ခပ်စူးစူးပြန်စိုက်ကြည့်ရင်း

𝙇𝙤𝙫𝙚 𝙇𝙞𝙠𝙚 𝘼 𝙃𝙚𝙡𝙡Wo Geschichten leben. Entdecke jetzt