[ Unicode ]
"ကို!ဒီနေ့ပိတ်ရက်ဆိုတော့ရှင်းအာနဲ့ရှင်းအော
ကိုအပြင်လိုက်ပို့ရအောင်လေ""ကိုအပြီးမသတ်ရသေးတဲ့အလုပ်တွေရှိသေး
တယ်""အဲ့တာတွေနောက်မှလုပ်လိုက်ပါကိုရယ်
ကလေးတွေကိုတစ်ခါတစ်လေအချိန်ပေးရ
မယ်လို့ ကို ပြောဖူးတယ်မလား?""ကိုယ်.."
"ဒယ်ဒီ!!!မာမီကပြောတယ်ဒီနေ့ကစားကွင်း
လိုက်ပို့မယ်ဆို""ကျွန်တော့်ကိုလည်းဂိမ်းစက်အသစ်ဝယ်ပေး
မယ်ဆိုမာမီ!!"ထမင်းစားခန်းထဲဝင်လာသည့်ကလေးနှစ်
ယောက်လုံးကသူ့အပျော်နဲ့သူမို့ရိပေါ်ဘာ
ပြောရမှန်းတောင်မသိဖြစ်နေစဥ်မှာပဲ"အင်းဒယ်ဒီကဒီနေ့သမီးတို့သွားချင်တဲ့နေရာ
တွေအကုန်ပို့ပေးမယ်တဲ့
ရှင်းအောကိုရောလိုချင်တာဝယ်ပေးလိမ့်
မယ်""ဟုတ်တယ်မလား?ကို"
ရိပေါ်သက်ပြင်းခပ်တိုးတိုးချလိုက်သည်။
ထို့နောက်ရှင်းအောဘက်ကိုကြည့်ကာ
"ရှင်းအော..သားကတော့ဒီအပတ်စာမေးပွဲ
အမှတ်တက်လာမှသားလိုချင်တာဝယ်ပေး
မယ်~အခုတော့ညီမလေးစားချင်တာလိုက်
ဝယ်ကျွေးရအောင်""အာ~~ဒယ်ဒီကလည်းဗျာ"
"ကို.ကလည်းဝယ်ပေးလိုက်ပါသားလိုချင်
တာကို~~"ရှင်းကိုမကြည့်ဘဲရှင်းအာနဲ့ရှင်းအောဘက်ကို
လှည့်ကြည့်ကာရိပေါ်ပြောလိုက်သည်။"ခနနေသွားချင်ရင်အခုဘာမှမပြောဘဲ
အဝတ်စားသွားလဲထားတော့"ရိပေါ်စကားကြောင့်ကလေးနှစ်ယောက်လုံး
ကအိမ်ပေါ်ထပ်ရှိအခန်းသို့ချက်ချင်းပြေး
တက်သွားကြသည်။"ကို!!"
"မင်းရောပဲ..ရှင်း"
"အဝတ်သွားလဲတော့"
သူမတောင်ဘာမှမပြောရသေးဘဲစကားစ
ဖြတ်သွားတဲ့ရိပေါ်ကပြောချင်တာပြောပြီး
သူမရှေ့မှရှောင်ထွက်သွား၏ ။ရိပေါ်ရဲ့အခုလိုအေးစက်စက်နဲ့သူမအပေါ်
အကြင်နာမဲ့တဲ့ပုံစံကိုပထမဆုံးတွေ့ဖူးခြင်း
ပင်။ဘယ်တုန်းကမှသူမကိုခုလိုမဆက်ဆံဘူး
ပေ။ဘယ်လောက်ပင်ပန်းနေပါစေ။အမြဲတမ်း
မိသားစုကိုအချိန်ပေးပြီးပြုံးပြတတ်တယ်။
အခုတော့.....
YOU ARE READING
𝙇𝙤𝙫𝙚 𝙇𝙞𝙠𝙚 𝘼 𝙃𝙚𝙡𝙡
FanfictionYizhan(BJYX) FanFiction⚠⚠ Not Related in real life (Don't be serious) If u don't like drama,marriage ,or cheating like a very heavy drama..then u shoudn't read this⚠ Plz skip this fan fiction.