Episode 19

687 33 3
                                    

[ Unicode ]

"ရှင်း!ကိုယ်ပြောတာနားထောင်ဦး"

"ဘာမှနားထောင်စရာမလိုဘူး"

အခန်းထဲဝင်ပြီးမှပြန်ထွက်မည်လုပ်နေသည့်
ရှင်းတစ်ကိုယ်လုံးကိုရိပေါ်သူ့ဘက်ဆွဲလှည့်
လိုက်ပြီး

"ကိုယ်တောင်းပန်ပါတယ်သေချာလေးနား
ထောင်ပေးပါ"

"ကျွန်မပြောပြီးသားရှင်အဲ့ကောင်နဲ့မပြတ်
မချင်းကျွန်မဘာမှနားထောင်မှာမဟုတ်ဘူး"

"အဲ့တာတော့ကိုယ်မတတ်နိုင်ဘူးရှင်း..."

"ဘာ..မတတ်နိုင်ဘူး?ဟုတ်လား.
မတတ်နိုင်တော့ဘယ်လိုလုပ်ချင်သေးတာလဲ"

"ကိုယ်...."

"ပါးသိရင်ကိုဘယ်လိုဖြစ်မလဲမစဥ်းစား
တော့ဘူးလားဟမ်?"

"ပါးသာသိကြည့်...ကိုရောသူရောနှစ်ယောက်
လုံးအဆုံးထိဘယ်လိုဖြစ်မလဲတွေးကြည့်စမ်း
ပါ"

"ကို..ကိုယ့်နေရာကိုယ်ခုထိမသိသေးဘူး
လား?"

ထပ်ခါထပ်ခါကြားဖူးနေသော..သူ့သိက္ခာကို
အမြဲရိုက်ချိုးခဲ့သောထိုစကား။

"ကိုယ့်ကိုမင်းခြိမ်းခြောက်နေတာရပ်လိုက်
တော့ယိရှင်း"

"ခြိမ်းခြောက်တာမဟုတ်ဘူး..မဟုတ်လည်း
ပါးကသိသွားမှာပဲအဲ့ချိန်ကျမှ.."

"အဲ့ချိန်ရောက်မှကျွန်မခြေထောက်အောက်
ဖက်ပြီးတောင်းပန်နေရတာမလိုချင်ရင်ခုထဲ
ကဇာတ်သိမ်းလိုက်တာပိုမကောင်းဘူးလား?"

သူမလက်ကိုချုပ်ကိုင်ထားတဲ့ရိပေါ်လက်တွေ
ပြေလျော့သွားသည်။

ကြမ်းပြင်သို့ပို့လိုက်သည့်ရိပေါ်အကြည့်တွေ
ကိုသဘောတကျလှောင်ရယ်လိုက်ပေမယ့်..

သူမမျက်ဝန်းနဲ့ပြန်ဆုံလာသည့်ရိပေါ်ရဲ့
အကြည့်တွေကြောင့်သူမအကြီးကြီးမှားသွား
မှန်းသိလိုက်ပြီ။

အရင်လိုအရှုံးပေးမယ်အထင်နဲ့.....

"မင်းဘယ်လိုခြိမ်းခြောက်နေပါစေ..
ငါရှောင်းကျန့်ကိုချစ်တာရပ်မှာမဟုတ်ဘူး"

အခန်းထဲကထွက်သွားသည့်ရိပေါ်နောက်
လိုက်ရန်သတိမရှိတော့။

You've reached the end of published parts.

⏰ Last updated: Feb 18, 2023 ⏰

Add this story to your Library to get notified about new parts!

𝙇𝙤𝙫𝙚 𝙇𝙞𝙠𝙚 𝘼 𝙃𝙚𝙡𝙡Where stories live. Discover now