[ Unicode ]
"ဝမ်~~ကျွန်တော်တောင်းပန်ပါတယ်
ကျွန်တော်ဝမ့်နားမှာရှိမနေသင့်တာကို....""မင်းအမှားမဟုတ်ပါဘူး။ကိုယ်မင်းကိုလက်
မလွှတ်ပေးဘဲဆွဲထားခဲ့မိတာ...""ကျွန်တော်ဝမ့်ကိုချစ်တယ်"
"ဒါမဲ့....အတူရှိဖို့မဖြစ်နိုင်ဘူးကျွန်တော်
တောင်းပန်ပါတယ်"မျက်နှာကိုအုပ်ပြီးပြောနေသည့်ရှောင်းကျန့်
လက်တွေကိုရိပေါ်ဆွဲယူပြီးဆုပ်ကိုင်ထား
လိုက်သည်။"ကိုယ်မင်းကိုချစ်တယ်ရှောင်းကျန့်"
"ကိုယ့်ဘဝမှာမင်းနဲ့တွေ့မှအချစ်ကိုခံစားခဲ့ရ
တာ...ကိုယ်မင်းကိုလိမ်ဖို့မရည်ရွယ်ခဲ့ဘူး
ဒါမဲ့အဲ့လိုဖြစ်သွားတယ်။မင်းကိုမချစ်ဘဲ
သဘောမကျဘဲမနေနိုင်ခဲ့ဘူး""ဒါဆို..ကျွန်တော်နဲ့ဝမ်..အစထဲကမတွေ့ခဲ့
တာပဲပိုကောင်းမယ်ထင်တယ်"ရှောင်းကျန့်နှုတ်ခမ်းပါးလေးပေါ်လက်ညှိုး
တင်လိုက်သည့်ရိပေါ်ကဆက်မပြောရန်တား
လိုက်ပြီး"အဲ့လိုမပြောနဲ့"
"မင်းနဲ့တွေ့ခဲ့ရတာကိုယ်ဘယ်တော့မှနောင်
တမရဘူးရှောင်းကျန့်
ဘာလို့ဆိုကိုယ်မင်းကိုချစ်လို့အဲ့လိုဘယ်တော့
မှမတွေးခဲ့ဘူး။ပြီးတော့ကိုယ်မတရားမှန်းသိ
ပေမယ့်မင်းကိုသိစေချင်လို့ပြောချင်တယ်""ကိုယ်..ရှင်းနဲ့လက်ထပ်ခဲ့ရတာကအချစ်
ကြောင့်မဟုတ်ဘူးရှောင်း..
ကိုယ့်ဦးလေးအကြွေးတွေဆပ်ဖို့နဲ့စီးပွားရေး
ကိုပြန်အဖတ်ဆယ်ဖို့လက်ထပ်ခဲ့ရတာ။
ပါးနဲ့မားမရှိတော့ထဲကဦးလေးကပဲအကုန်
တာဝန်ယူခဲ့ရတာမို့ဦးလေးဆန္ဒအရသဘော
တူခဲ့ရတာ။"ရိပေါ်လက်ထဲမှရုန်းထွက်လိုက်တဲ့ရှောင်းကျန့်
ကဖြေးဖြေးချင်းခေါင်းခါရင်းပြောလာခဲ့
သည်။"ဝမ် ဘယ်လောက်ပဲမချစ်ဘူးပြောပြော၊
တစ်ဖက်မိန်းကလေးဘက်ကခံစားချက်မရှိ
ဘဲ ဝမ့် ကိုလက်ခံမှာတဲ့လား....
ဟင့်အင်း...ယောကျာ်းလေးတစ်ယောက်က
မချစ်မနှစ်သက်တဲ့မိန်းမတစ်ယောက်ကို
အလွယ်လေးလက်ထပ်ယူလို့ရပေမယ့်ဘယ်
မိန်းကလေးကမှကိုယ်မချစ်တဲ့သူကို
လက်ထပ်မှာမဟုတ်ဘူး"
VOCÊ ESTÁ LENDO
𝙇𝙤𝙫𝙚 𝙇𝙞𝙠𝙚 𝘼 𝙃𝙚𝙡𝙡
FanficYizhan(BJYX) FanFiction⚠⚠ Not Related in real life (Don't be serious) If u don't like drama,marriage ,or cheating like a very heavy drama..then u shoudn't read this⚠ Plz skip this fan fiction.