🛐

27 5 1
                                    


ချစ်ခြင်းမေတ္တာက ရှင်းရှင်းလေးပါ
မာရီယာ
မင်းလို့တွေးလိုက်ရုံနဲ့ ငါ့နှုတ်ခမ်းပါးတွေတွန့်ချိုးလာရကနေ ကပြောင်းကပြန်အုတ်အော်သောင်းနင်းအထိ သက်ရောက်နိုင်မှန်း ငါ့က်ိုယ်ငါသိတယ်

ကိစ္စရပ်သေးသေးလေးတွေပါ
မနက်မိုးလင်းရင်
မင်းမျက်နှာကိုတွေ့ချင်တယ်
အကြည့်လေးနဲ့ ဖြစ်ဖြစ် တစ်ယောက်ကိူ
တစ်ယောက် နှစ်သိမ့်ချင်မိတယ် ။
စကားလုံးလေးနဲ့ ဖြစ်ဖြစ် အတွေးထဲက
အညစ်အထေးတွေကို ရှင်းလင်းပစ်မိတယ်။

ငါ့တော်ဖြင့် ကံကိုမယုံဘူး
မင်းကိုပဲ ယုံတယ် ။ငါ့ထက်ကိုပြီးလေ
မင်းကိုပဲ ပိုယုံတယ် ။
မင်းနဲ့ပတ်သတ်ပြီး မခွဲနိုင်တာငါပါ ။
မင်းက နေနိုင်တယ် ။ငါတော့ မနေ နိုင်ဘူး။
မနက်ဖြန်တိုင်းကို မင်းလက်ဖဝါးက်ို
ခပ်ဖွဖွကိုင်ပေးထားနိူင်ဖို့ရည်ရွယ်ချက်နဲ့
အားအင်ဖြစ်ရတယ် ။
မင်းထိုးပေးတဲ့ မာဖလာလေးကို ကြိုက်တယ်။မင်းလုပ်ပေးတယ်ဆိုတဲ့အသိနဲ့တင်
ငါ့ကမ္ဘာမှာ သက်တန့်တွေထွက်တယ်
ပန်းတွေပိုပွင့်တယ် ။ ေသွးနီဥတွေများလာတယ် ။

စာရေးရင်း ပြုံးရတယ် ။
မင်းကြိုက်တဲ့ အစားအစာတွေ့ရင်တောင်
မင်းကိုသတိရ ရတယ်။
ဝမ်းနည်းစရာတွေ့တောင် မင်းနာမည်ကို
တိုးတိုးလေးခေါ်ပြီး စားပွဲခုံပေါ်
ခေါင်းမှောက်လးချပစ်ရတဲ့ အခိုက်အတန့်ဆိူတာတွေ ရှိတယ် ။

ဘာသာစကားတွေ ငါတို့ကြားထဲမလိုဘူး။
ငါ့တို့ဟာ နှလုံးသားနဲ့စကားပြောရတယ်။
တစ်ယောက်ဘာဖြစ်ချင်နေလဲ
မျက်ထောင့်လေးက အသာလေးလှမ်းကြည့်တောင်  မင်းပုံရိပ်ကို အသာဖမ်းနိုင်တယ်။

ငါနဲ့အတူရှိချင်တဲ့ မင်းဆန္ဒတွေကို
ကြားရတော့ ငါသိပ်ပျော်တယ်။
ငါနဲ့မှ လုပ်ကြည့်ချင်တဲ့ ဆုတောင်းတွေကို
ငါ့တို့အတူတူ စမ်းသပ်ကြည့်ရအောင်။
ကမ်းနားလမ်းကို လျှောက်သွားရအောင်။
ဝရံတာမှာ ထိုင်ပြီး တစ်ညလုံးစကားပြောရအောင် ။
မိုးရေထဲမှာ က ကြမယ် ။

မင်းငါ့နာမည်ကို အကျယ်ကြီးအော်ခေါ်တဲ့.အချိန်မှာ ငါ့ချစ်မိသွားတာ ဖြစ်နိုင်တယ်။
ငါတို့ဟာ ငါတို့ကိုးကွယ်ရာထဲမှာ
အကြာကြီးပျော်ဝင်တုန်းက
ချစ်မိသွားတာ ဖြစ်နိုင်တယ်။
မင်းရယ်သံနဲ့ငါ့အပြုံးတွေထပ်တူကြတုန်းက
ချစ်မိသွားတာ ဖြစ်နိုင်တယ် ။
အချိန်ကြာကြီးမှ ပြန်တွေ့တောင်
အရင်စိတ်အတိုင်းပဲ ရှိနေ နိုင်တဲ့
မင်းကို ချစ်မိသွားတာ ဖြစ်နိုင်တယ် ။

ပျော်ရွှင်စရာနဲ့ညစ်ညူးစရာ
ငယ်ရွယ်မှုနဲ့ စိတ်ဒဏ်ရာတွေ ကြားမှာ
ဘုရားသခင်က ငါ့ကို မင်းဆိုတဲ့
အနှိုင်းမဲ့နတ်သမီးတစ်ပါးပေးသနားခဲ့တယ်။
ငါကျေနပ်ခဲ့ပါတယ်...
ကုသိုလ်ကံဟာ ဤမျှ
သိပ်သည်းဆဟာ ဤမျှ
လူတစ်ယောက်ဟာ ဤမျှ

#KZT

Supremacy of LoveWhere stories live. Discover now