ဇာတ်လမ်းအကျဥ်းချုပ်
နာမည်ကျော်စားဖိုမှူး ဆူးယွိတစ်ယောက်ဟာ ဝတ္ထုထဲမှ မသေမျိုးလောကထဲကို ရောက်ရှိသွားကာ နာမကျန်းဖြစ်နေသော မသန်မစွမ်းဖြစ်နေသည့် ဂိုဏ်းတူမောင်နှမများကို စောင့်ရှောက်ရမည့် အစ်မကြီးတစ်ယောက်ဖြစ်လာတော့သည်။
ဝတ္ထု၏မူရင်း ဇာတ်ကြောင်းတွင် သူမ၏ တတိယဂိုဏ်းတူမောင်၏ ရွှေအမြုတေဟာ ပျက်စီးသွားလေသည်။ စတုတ္ထဂိုဏ်းတူမောင်ကတော့ ဒုက္ခရောက်နေလေသည်။ ပဉ္စမဂိုဏ်းတူမောင်ဖြစ်သူကတော့ လှည့်စားခံခဲ့ရသည်။ အတိုချုံးပြောရလျှင် တစ်ယောက်ပြီးတစ်ယောက် သေကြေကုန်ကြသည်။ မသေလျှင်တော့ ထိခိုက်ဒဏ်ရာရကြလေသည်။
ဆူးယွိ။ ။ " အာ...ဒါက........ငါတို့တော့ သွားပြီထင်ပါရဲ့"
ပိန်ချုံးချိနဲ့ပြီး မသန်စွမ်းဖြစ်နေကြသော ဂိုဏ်းတူမောင်၊ ဂိုဏ်းတူညီမများကို ကြည့်ရင်း အငြိမ်းစားယူရန် တွေးနေသော ဆူးယွိ တစ်ယောက်မှာတော့....
"မသေမျိုးတွေက အတွင်းအားတွေ ကျင့်ပြီး ဘာလို့တိုက်ခိုက်နေကြမှာလဲ။ ငါဟင်းချက်တာကိုပဲ လာကူကြစမ်းပါ။ ငြိမ်းချမ်းနေတာက ကောင်းပါတယ်နော်။ "
သူမသည် မသေမျိုးလောကထဲက ဟင်းအမယ်များကို လေ့လာပြီး အရသာရှိသောဟင်းတစ်ခွက် ချက်နိုင်ရန်အဖို့ ကြိုးစားလေတော့သည်။ ဒယ်အိုးတွင်းရှိ စွမ်းအားက ပြင်းလှပေသည်။ ဒယ်အိုး၏အောက်ခြေတွင် ပြတ်တောက်နေသော ဓာတ်စီးကြောင်းများကို ပြုပြင်နိုင်သည့် အရည်အသွေးမြင့်ဆေးလုံးများကို ထုတ်လုပ်နိုင်သော စွမ်းအင်ဝိုင်းတစ်ခုရှိနေသည်ကိုတော့ သူမ မသိချေ။
ဆူးယွိ။ ။ !!!!
ဒဏ်ရာအပြင်းအထန်ရနေပြီး သေလုမြောပါးဖြစ်နေသည့် ဂိုဏ်းသားများ။ ။ !!!!
ဆရာမဆူး သည် ကျရှုံးမှုကိုတော့ လက်မခံ။ သူမသည် ကြာရွက်အမဲသားကင် ချက်နေရင်း ဆီထည့်လိုက်ချိန်၌ အကင်ရနံ့က မွှေးပျံ့သွားတော့လေသည်။ သို့သော် အိုးအောက်ခြေတွင် နှစ်တစ်ရာတွင် တစ်ခါပင် မပေါ်ပေါက်နိုင်အောင် ရှားပါးသော ဓားစွမ်းအင်ပြည့်ဝနေသည့် နှစ်ပေခန့်အရှည်ရှိ ဓားတစ်စင်းက တောက်ပနေသည်ကိုတော့ သူမ သတိမထားမိချေ။