စားဖိုမှူးလေး၏ အင်မော်တယ်လမ်းခရီးစဥ်:
အခန်း (၄၂) ။ အဆင့်သုံးဆင့်မြင့် လက်ဖက်ရည်တင်တဲ့စင် နှင့်အတူ...
စာကြည့်တိုက်ရဲ့ ဆယ့်နှစ်ထပ်မြောက်၌
ဆူးယွိသည် လက်ဖက်ရည်သောက်ရင်းဖြင့် ဆိုဖာအပျော့လေးပေါ်၌ အေးအေးဆေးဆေး ထိုင်လျက်သားဖြင့် လေ့လာမှုပြုနေလေသည်။
သူမသည် သူမဘေးနားရှိ ယွိတုံး ကို ညင်သာစွာ ကြည့်လိုက်ပြီးနောက် "ပထမအဆင့်ကို နားလည်ပြီလား?"
အခြားတပည့်အများစုကတော့ တရားထိုင်ဖို့ရန်အလို့ဌာ အလျင်စလိုလုပ်နေကြဘေသည်။ ပျော်ပျော်နေတတ်သော ဟန်၀မ်အော် တစ်ဦးတည်းသာ လက်ဖက်ရည်သောက်ရန် လာခဲ့လေပြီး နားစွင့်လျက်နားထောင်နေလေသည်။
ယွိတုံးလည်း ရှက်သွားကာ "ဟုတ်ကဲ့၊ ဒုတိယစာမျက်နှာရဲ့ ပထမအဆင့်ကိုတော့ ကျွန်တော်နားလည်ပြီ။ စုစုပေါင်း စာကြောင်းတစ်ဆယ့်နှစ်ကြောင်းနဲ့ စာလုံး တစ်ရာ့နှစ်ဆယ့်ရှစ်လုံးရှိတယ်။ အဲ့တာက စိတ်ဝိညာဉ်အရောင်အဝါ လှည့်ပတ်မှုကို အကြိမ်သုံးဆယ့်ကိုးကြိမ် ဖြစ်စေပါတယ်"
ဟန်ဝမ်အော်၏ လက်ထဲက လက်ဖက်ရည်ခွက်သည် စားပွဲပေါ်သို့ကျသွားလေတော့သည်။
ဝေကျိုးကမူ ကျိချုံးတောင်ထိပ် တပည့်တစ်ဦးစီ၏ နောက်ဆုံးတိုးတက်မှုနှင့် ကျင့်ကြံမှုအဆင့်ကို မှတ်တမ်းတင်နေလေ၏။
သို့သော် ယခုအချိန်တွင်တော့ သူ့လက်ထဲမှ ကျောက်စိမ်းစာလိပ်သည်လည်း လွတ်ထွက်သွားကာ သူ့ဘီးတပ်ကုလားထိုင်အောက်သို့ လှိမ့်သွားလေတော့သည်။
ယွိတုံး ကိုယ်တိုင်လည်း သူတို့၏ ထိတ်လန့်မှုကို သတိမထားမိပုံရသည်။ "နောက်မှ ဆက်ပြီး နားလည်လာပါလိမ့်မယ် ။ ဆယ့်တစ်ထပ်အလွှာရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ဒုတိယစာအုပ်စင်ရှေ့ သုံးပေခွဲအကွာလောက်မှာ ထိုင်ရရင် ကျွန်တော့်ရဲ့ ကျင့်ကြံမှုအရှိန်က ၃၀ ရာခိုင်နှုန်း တိုးလာလိမ့်မယ်။ အဲ့လိုနဲ့ ဒုတိယအဆင့်ကို မြန်မြန်ရောက်လောက််တယ် ..."
ဟန်၀မ်အော်သည် သူမ၏ သွယ်လျသော မျက်နှာကို ပင့်မြှောက်လိုက်ပြီး ခြင်ဆေးနံ့ ရှူထားသကဲ့သို့နှယ် သူမ၏ မျက်လုံးများသည် စိုစွတ်နေလေသည်။
ဆူးယွိ၏ ပါးစပ်လည်း အနည်းငယ် လှုပ်သွားကာ "ဒီလေ့ကျင့်မှုက မင်းအတွက် တကယ့်ကို သင့်တော်တယ်။ မင်း တော်တော်ကျွမ်းကျင်လာပြီပဲ"
ပြဿနာဖြေရှင်းနည်းစနစ်နဲ့ ရုပ်လွန်ဒဿနိကဗေဒ တို့ဟာ အမှန်တကယ်ပင် ဆင်တူလှပေ၏။
ယွိတုံး၏ နားရွက်များ ပူလာလေရာ " အစ်မ ၂ ကျွန်တော်တွက်ချက်ပြီးပါပြီ။ ပေသီးတစ်လုံးက ရှေးရိုးဆန်တဲ့ ဝိညာဥ်ကျောက်တုံး ၁၀၀,၀၀၀ လောက်နဲ့ ညီမျှတယ်။ အဲ့ဒါမှာ ဗေဒင်ပညာပါ၀င်တဲ့အတွက် သံလိုက်အိမ်မြှောင်နဲ့ အကွက်ရှစ်ခုက ၁၀၀,၀၀၀ လောက် တန်ပါတယ်။ ဒါကြောင့် စုစုပေါင်း ဝိညာဉ်ကျောက်တုံး နှစ်သိန်းတန်ဖိုးရှိတယ်။ "
[ဘာသာပြန်သူ၏အမှာ: ရှစ်ခုပါသေတ္တာ သို့မဟုတ် ပါဂွာသည် ဖန်ရှီ အတွက် အများအားဖြင့် အသုံးပြုလေ့ရှိသော အရာဖြစ်သည်။]
" ကျွန်တော့် အတွက်လုပ်ပေးနိုင်မလား ကျွန်တော် ဘောက်ချာအရင်ပေးပါ့မယ်"
' လူကောင်းလေးပဲ '
ဟန်၀မ်အော်ကတော့ ယွိတုံးကို စိုက်ကြည့်နေလေသည်။ "အစ်ကို နင်က ဒါတွေအကုန်လုံးကိုယူချင်နေတာလား"
ယွီတုံးကလည်း ပြုံးလျက်ဖြင့် ပြန်ပြောလိုက်သည်။ "ငါက အဲ့လောက်တော့မရဲပေမယ့် လောဘတော့အရမ်းကြီးတယ်"
သူ့မှာကောင်းကောင်း ကျင့်ကြံဖို့ အစီအစဉ်မရှိပေမယ့် အစ်မ(၂) လုပ်ထားတဲ့ မှော်လက်နက်မှာတော့ "အားနည်းတဲ့သူဆိုတာ စဉ်ဆီတုံးပေါ်ကငါး" ဆိုတဲ့ နိယာမကို ထည့်သွင်းထားလေသည်။
သူသည် တရားထိုင်ခြင်းမှာ အာရုံမစိုက်နိုင်ဖြစ်နေခဲ့ကာ သူ့ဆရာ ပျောက်ကွယ်သွားခြင်းက သူ့အတွက် အိပ်မက်ဆိုးတစ်ခုလိုပင် ဖြစ်နေခဲ့သည်။ ရလဒ်အနေနဲ့ သူ့ကို တရားထိုင်နိုင်ဖို့ သူမကသင်ပေးခဲ့သည်။ သူမသည် သူ့အား ကျင့်ကြံမှုအရှိန်ကို နှစ်ဆတိုးစေမည့် အခြေခံအားကို နှစ်ကြိမ်တည်ဆောက်ပေးထားသည်။
သူ့ရဲ့ ညီငယ်၊ ညီမငယ်တွေနောက်မှာ ရှိနေတာ မကောင်းဘူးလို့ သူ ခံစားလာရတဲ့အခါ၌ သူမက သူ ထီထွင်ဖန်တီးချင်တဲ့ ၊ သူ့ဘဝရဲ့ မှော်လက်နက် အမျိုးအစားကို ရွေးချယ်ဖို့ မေးမြန်းခဲ့သည်။
ပေသီးက ကောင်းတယ် ။ သံလိုက်အိမ်မြှောင်လည်း ကောင်းတာပဲ။
ဒီလိုရွေးချယ်ရတာက အကျပ်အတည်းတစ်ခုပဲ။ ဘာလို့ဆို သူအကုန်လိုချင်နေသည်လေ။
ဒီအကြံကိုရတဲ့အခါ၌ သူသည် စာအုပ်ထဲမှ "မလွတ်တမ်း" ဆိုတဲ့ စကားလုံးကို ပြန်သတိရမိသွားသည်။ ဒါကြောင့် နှစ်ခုစလုံးကို လိုချင်တယ်ဟု သူ ဆုံးဖြတ်လိုက်လေ၏။
သင်္ချာနဲ့ ဗေဒင်ဟောတာ။ နှစ်ခုစလုံးကလုပ်ဖို့ ခက်ခဲမယ်ဟု မထင်ပေ။
အစ်မ ၂ က သူ့အား ရှေ့တိုးရန် သတ္တိတွေပေးထားသောကြောင့် သူလည်း မဆိုင်းမတွပင် ရှေ့သို့ တိုးသွားခဲ့သည်။
ယွိတုံးသည် ဆူးယွိကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်လေသည်။
ဆူးယွိက သူမ နားလည်ကြောင်းပြသဖို့ ခေါင်းညိတ်လိုက်သည်။
'မှော်လက်နက် မက်လုံးတွေနဲ့ ဒီဆားနယ်ထားခံရတဲ့ ငါးတွေ ပြန်ထလာလိမ့်မယ်'
စားဖိုမှူးတစ်ဦး၏ ဆုကြေးငွေနှင့် ပြစ်ဒဏ်ပေးတဲ့စနစ်ကို သတ်မှတ်လိုက်လျှင် ကောင်းမွန်တဲ့သံသရာကို တည်ဆောက်နိုင်မှာပင် ဖြစ်သည်။
"ညီ ၅ က ဒုတိယတစ်ခါအနေနဲ့ အခြေတည်အုတ်မြစ်ကို တည်ဆောက်ခဲ့တာ။ အဲ့နည်းလမ်းက အရမ်းမြန်တယ်။ ဒုတိယအဆင့် မှော်ဘီးရဲ့အကူအညီနဲ့ သင်ယူမှုကို တစ်ဝက်တစ်ပျက်အားထုတ်ရုံနဲ့ ရလဒ်ကို နှစ်ဆတောင်ရနိုင်တယ်လေ" ဝေကျိုးကလည်း သဘောပေါက်လေသည်။