Unicode
အခန်း(၁၅) ။ နှလုံးရှင်းဓားကွက်
သိုင်းကွက်များကို နားလည်တတ်ကျွမ်းအောင် စွမ်းဆောင်နိုင်သော နတ်ဆေးများရှိသည်။ သို့သော် ချက်ချင်းအဆင့်တက်စေနိုင်သည့် ဆေးမျိုးကတော့ မရှိ။ ချက်ချင်းပင် သိုင်းကွက်များကို ချက်ချင်း နားလည်နိုင်သည်ဆိုသည်မှာ မဖြစ်နိုင်ချေ။
အခြေခံတည်ဆောက်ခြင်း ဆေးလုံးကို စားလိုက်သည်ဆိုလျှင်တောင်မှ မသုံးစွဲခင် တရားထိုင်ဖို့လိုသေးသည်။ အဆင့်တက်နိုင်ဖို့ဆိုလျှင် ၃ ရက်မှ ၁၀ ရက်ခန့်အထိ ကြာနိုင်သည်။
သို့သော် ဆေးသောက်သုံးလိုက်သောကြောင့် သူ၏ ဂိုဏ်းတူညီ၊ ညီမများကို မထိခိုက်စေချင်ပါချေါ
ထို့အပြင် သူက နားလည်တတ်ကျွမ်းရန်လိုသည်မဟုတ်။ ဓားများသာ လိုအပ်သည်။
ယန်းယန် စိတ်ရှုပ်နေပြီး ဓားကိုသာ ခပ်တင်းတင်းဆုပ်ထားမိသည်။ သူ့အစ်ကို ၃ ကို နားဝင်အောင် ပြောချင်သည်။ သို့သော် အဆုံးတွင်မတော့ သူ ဘီးတပ်ကုလားထိုင်တွင် ထိုင်နေရသော ဝေကျိုးနှင့် ပြိုင်မငြင်းချင်တော့။
'မလွန်စေနဲ့' သူစိတ်မပါလက်မပါနှင့် တိုးတိုးပြောလိုက်သည်။ "ဟုတ်ပါပြီ ကျွန်တော်ဓားအင်းကွက်ထဲမှာမှ ဖြည်းဖြည်း စားလိုက်ပါမယ်"
ဝေကျိုး စိတ်သက်သာရာရသွားသည်။
ယန်းယန် အံကြိတ်ပြီး ကြွေပန်းကန်ကို ဂရုတစိုက်ယူလိုက်သည်။ "ဝိညာဉ်ကျောက်တုံး ဘယ်လောက်ပေးရမလဲ"
ဆူးယွိ လက်ခါပြလိုက်သည်။
စမ်းသပ်မကြည့်ရသေးသော လိုအပ်သည့်အဆင့်မြှင့်မှုများ မရှိသေးသည့် ဟင်းလျာအသစ်ဆိုသည်မှာ တစ်ပြားမှမတန်။
"အကျိုးသက်ရောက်မှုပေါ်မူတည်ပြီး ကြိုက်သလောက်ပေးလိုက်"