အခန်း ၃၁ မှ ၃၅ ။

1.6K 106 7
                                    

 

 
အခန်း (၃၁) ။ လုံကျင်းပုစွန်
 
တရားကျင့်ကြံရေးခန်းမဆောင်တွင် အလွန်ရှည်လျားသော သမိုင်းကြောင်းရှိပြီး အနားယူသွားပြီဖြစ်သော နန်ရွှမ်းကျောင်းတော်၏ မဟာဆရာသခင်တစ်ဦးမှ တည်ထောင်ရန် အဆိုပြုခဲ့ခြင်းဖြစ်သည်။
 
မသေမျိုးအဆင့်တက်လှမ်းခြင်းအဆင့်ပြီးနောက်၊ ဝိညာဉ်အသိ၏ ခွန်အားသည် ကျင့်ကြံခြင်း၏အလျင်ကို ဆုံးဖြတ်ပေးကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် သူသည် အထူးသဖြင့် တပည့်များ၏ဝိညာဉ်ရေးရာအာရုံကို လေ့ကျင့်ရန်အတွက် တရားကျင့်ကြံရေးဌာနအား တည်ထောင်ခဲ့လေသည်။ ဤသည်မှာ အနာဂတ်၏နန်ရွှမ်းတပည့်များအား တောင်ကိုချိုးဖျက်နိုင်စေရန်ဖြစ်သည်။
 
ယခုလက်ရှိတွင်၊ တရားကျင့်ကြံရေးခန်းမဆောင်၌ တရားကျင့်ကြံရေးအခန်းပေါင်း ၈၁ခန်းရှိလေသည်။  အခန်းများအားလုံးမှာ မြေအောက်ထဲတွင်ဖြစ်သည်။ ထိုတွင် အခန်းအမျိုးအစား သုံးမျိုးရှိသည် : ကောင်းကင်ဘုံ၊ ကမ္ဘာမြေ၊ လျှို့ဝှက်ဆန်းကြယ်တို့ဖြစ်ပြီး တစ်မျိုးချင်းစီတွင် သူတို့၏အင်္ဂါရပ်များရှိနေသည်။

စားဖိုမှူးလေး၏ အင်မော်တယ်လမ်းခရီးစဥ်:
 
ကျိချုံးတောင်ထွတ်ဝင်လာသောအခန်းမှာ သုံးခုအနက် ပထမအဆင့်ဖြစ်သည်။ ဤကဲ့သို့အခန်းမျိုးမှာ ပုံမှန်အားဖြင့် ပထမအဆင့်တောင်ထွတ်များကိုသာ ကျင့်ကြံရေးအတွက် ပေးခြင်းပင်။
 
ထို့အပြင် ဆရာသခင်များနှင့် အကြီးအကဲအများစုမှာ ဤနေရာသို့ လာရောက်ကျင့်ကြံကြသည်။
 
အခန်း၏ လေးဖက်လေးရံတွင် တောက်ပပြီးလှပသော ညပုလဲများ ထည့်ထားရုံမက တပည့်များအား သူတို့၏စိတ်နှင့် ဝိညာဉ်တို့ စုစည်းနိုင်ရန်အတွက် အေးစက်သောကျောက်စိမ်းကုတင် ငါးဆယ်နှင့် ပိုးထိုင်ဖုံများလည်းရှိလေသည်။
 
သူတို့ ပင်ပန်းလာလျှင် ဝိညာဉ်ရေနွေးကြမ်းလည်း ပေးထားသေးသည်။ ဤသည်မှာ ပထမတန်းစား အလေးပေးဆက်ဆံမှုပင်။ ဝေကျိုးပင် မဆိုထားနှင့် သူတို့၏ ဆရာ၊ အကြီးအကဲမုပင်လျှင် ဤနေရာသို့ အကြိမ်အနည်းငယ်သာ ရောက်ဖူးလေသည်။
 
ဂိုဏ်းတူ ညီ၊ ညီမများမှာ အံ့အားတကြီးနှင့် လျှောက်ဝင်လာကြသည်။
“အစ်ကိုကြီး၊ ညီမ ဒီကျောက်စိမ်းကုတင်ပေါ်ကို တက်တောင် မတက်ရဲဘူး။ ဒါက အစစ်လား? ညီမ ဒီအပေါ် ထိုင်လိုက်ရင် ဒါကြီးက ပျောက်သွားမှာလား?”
 
“ဒီပိုးထိုင်ခင်းတွေက တစ်ခုကို ဝိညာဉ်ကျောက်တုံးတစ်သောင်းတန်တယ်။ ဘုရားရေ၊ ပြီးရင် ငါ ထတောင်ထနိုင်တော့မှာမဟုတ်ဘူး။ ငါ ထွက်သွားချင်မှာတောင် မဟုတ်ဘူး။”
 
“နင်တို့ သုံးချင်သလို သုံးကြ။ ဝိညာဉ်ရေနွေးကြမ်းအတွက်တော့ ခဏစောင့်ကြဦး။” ဆူးယွိသည် အေးဆေးစွာပြောလာသည်။
သူမသည် သူမ၏သိုလှောင်အိတ်ထဲမှ ငွေတူတစ်စုံအား ထုတ်ယူလိုက်သည်။ သူမ ပြောပြီးနောက် သူမသည် ကျောက်စိမ်းသေတ္တာလေးထဲမှ သေးငယ်သော ဝိညာဉ်လက်ဖက်ခြောက်အရွက်လေးတချို့အား တူကိုအသုံးပြု၍ ထုတ်လိုက်သည်။ အရွက်တိုင်းသည် မြစိမ်းရောင်ဖြစ်ကာ နူးညံ့ပြီး မီးခိုးနံ့မရဘဲ အနံ့လေးသင်းနေသည်။ “ရေနွေးကြမ်းကို မသောက်ကြနဲ့ဦး။”
 
မောင်ငယ်၊ ညီမငယ်များမှာ အနည်းငယ် ကြောင်အ,သွားသည်။ သို့သော် ဝေကျိုးသည် အနည်းငယ်တွေးတောပြီးနောက် ခေါင်းညိတ်လိုက်လေသည်။
“မင်းတို့ရဲ့ အသိစိတ် ပင်ပန်းလာတဲ့အထိ ကျင့်ကြံပြီးကာမှ ဝိညာဉ်ရေနွေးကြမ်းကို သောက်တာက ပိုကောင်းတယ်၊ ပြီးတော့ အကျိုးသက်ရောက်မှုကလည်း ပိုကောင်းတယ်လေ။ မင်းတို့ရဲ့ အစ်မ ၂ ပြောတာက အရင်သွားလေ့ကျင့်ကြ၊ အခုတော့ ဝိညာဉ်ရေနွေးကြမ်းကို လာမငမ်းကြနဲ့ဦးတဲ့။”
 
ဆူးယွိ: "..."
သူမသည် နောက်ပိုင်း သူတို့လေးတွေ ဤနေရာမှပေးမည့် အစားအစာများအတွက် ထပ်မစားနိုင်တော့ဘဲ အလွန်ဗိုက်ပြည့်နေမည်ကို စိုးရိမ်ခြင်းပင်။ ကောင်းပြီ၊ သူမသည်လည်း ဝေကျိုး၏ရှင်းပြချက်နှင့် အဆင်ပြေပေသည်။
 
“အကြံပေးချက်အတွက် ကျေးဇူးတင်ပါတယ်၊ အစ်မ ၂။” မောင်ငယ်၊ ညီမငယ်များမှာ တစ်ပြိုင်တည်း တုံ့ပြန်လာကြသည်။
 
ကောင်းကင်ဘုံအခန်းအား သူတို့ဝင်နိုင်ရခြင်းမှာ သူမကြောင့်ဖြစ်သည်ကို သူတို့အားလုံး မမေ့ကြပေ။  သူတို့သည် ကျေးဇူးတင်ကြပြီး၊ သူမ၏ ကြိုးစားအားထုတ်မှုများကို မမေ့ဝံ့ကြကာ ဤအခွင့်အရေးကို အလွန်တန်ဖိုးထားကြလေသည်။
 
၎င်းကို ပြောပြီးနောက်၊ အားလုံးသည် လေးနက်နေကာ ပျော်ရွှင်နေကြသည်။ တစ်ယောက်ပြီးတစ်ယောက်၊ တပည့်များမှာ ကျောက်စိမ်းကုတင်ပေါ်သို့တက်ကာ သက်ဆိုင်ရာအိပ်ရာများတွင် တင်ပျဉ်ခွေထိုင်လိုက်ကြသည်။
 
ကောင်းကင်ဘုံအခန်းမှ ငါးဆယ်သော ကျောက်စိမ်းကုတင်များမှာ အခင်းအကျင်းဖြင့် စီရီထားလေသည်။ သူတို့၏ဝိညာဉ်စွမ်းအားကို ပိတ်ထားနိုင်မည့် ကန့်သတ်ဝိညာဉ်အစီအရင်ပင်။ ၎င်းတွင် ကျင့်ကြံသူများအား သားရဲကြီးများကို တိုက်ခိုက်နိုင်ရန်အတွက် လျှို့ဝှက်ဘုံပုံရိပ်ယောင်ထဲ ဝင်နိုင်ရန် ပုံရိပ်ယောင်အစီအရင်ရှစ်ခုလည်း ရှိသေးသည်။
 
သူတို့၏အသိစိတ်ပယ်လယ်သည် ပုံရိပ်ယောင်၏အားကို ဆုံးဖြတ်ပေးလေသည်။
 
ထိုအစီအရင်နှစ်ခု၏ လုပ်ဆောင်မှုအောက်တွင် ကျင့်ကြံသူများမှာ သူတို့၏အသိပင်လယ်ကို ထိန်းချုပ်နိုင်စွမ်း တိုးမြင့်စေရန် သူတို့၏ဝိညာဉ်ရေးရာအာရုံကို အသုံးပြုကာ ပုံရိပ်ယောင်ထဲရှိ သားရဲများကို တိုက်ခိုက်ရမည်ဖြစ်သည်။
 
ထို့အပြင် ကျောက်စိမ်းကုတင်တစ်ခုစီတွင် တားမြစ်ချက်များရှိလေသည်။ ကျင့်ကြံသူများသည် ၎င်းအပေါ်ကို ရောက်သည်နှင့်တစ်ပြိုင်နက် ထိုတားမြစ်ချက်များသည် ၎င်းတို့၏အာရုံများအားလုံးကို ပိတ်စေပြီး သူတို့အချင်းချင်း မနှောင့်ယှက်မိစေရန် သေချာစေသည်။
“မဆင်မခြင်မလုပ်ကြနဲ့။ မင်းတို့ ပင်ပန်းရင်၊ ရပ်ပြီး ခဏလောက် နားကြ။” ဝေကျိုးမှ စိုးရိမ်စွာ ထပ်ပြီးသတိပေးလာလေသည်။
 
“ဟုတ်ကဲ့ပါ။ အစ်ကို ၃။”
လူတိုင်းသည် သူတို့မျက်လုံးများကို ပိတ်လိုက်ကြသည်။ ဟန်ဝမ်အော်နှင့် တခြားအဓိကတပည့်များမှာ သာမန်တပည့်များ တရားကျင့်ကြံရေးအဆင့်သို့ ဝင်ရောက်ပြီးကာမှ ပုံရိပ်ယောင်ထဲသို့ဝင်ကြလေသည်။
 
ဝေကျိုးသည် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်ကာ အလွန်ကျေနပ်နေလေသည်။
 
၎င်းတို့၏ကျိချုံးတောင်ထွတ်တွင် တောက်ပနေသည့်အနာဂတ်ကြီးရှိပေသည်။ သို့သော် သူ ဆူးယွိအားလှည့်ကြည့်လိုက်သောအခါ သူ၏မျက်လုံးများ အေးခဲသွားသည်။
 
“အစ်မ ၂၊ နင်—“
 
သူမသည် ကျောက်စိမ်းသေတ္တာထဲမှ လက်ဖက်ရွက်များအား သူမ၏ငွေတူတစ်စုံဖြင့် ဖယ်ရှားနေလေသည်။

စားဖိုမှူးလေး၏အင်မော်တယ်လမ်းခရီးစဥ် Where stories live. Discover now