Unicode
အခန်း (၃၆) ။ တတိယအဆင့်တောင်ထိပ်များ ပြိုင်ပွဲ
ဆူးယွိ၏ စားဖိုဆောင်ငယ်လေးသည် ကျိချုံးတောင်၏ လူသူအရောက်အပေါက်ဝေးသော သီးခြားခြံဝင်းတစ်ခုထဲတွင် တည်ရှိသည်။
သူမသည် ထိုစားဖိုဆောင်ငယ်လေးအား သူမ အဆောင်နှင့် နီးစပ်ရာသို့ မရွေ့ပေ။အဘယ်ကြောင့်ဆိုသော် စားဖိုမှူးများသည် ရုပ်ပိုင်းဆိုင်ရာ အားသန်မှုကို ပိုမိုလိုအပ်သည်ဟု ခံစားရလို့ပင်ဖြစ်သည်။စားဖိုဆောင်ထဲရှိ အလုပ်သမားတိုင်းဟာ သူတို့၏လက်တွေကိုပဲ လှုပ်ရှားနေရသည်လေ။ထို့ကြောင့် သူမနေရာအဆောင်မှ စားဖိုဆောင်သို့ နေ့စဉ်လမ်းလျှောက်လာရသည်က သူမအတွက် လေ့ကျင့်ခန်းလုပ်သည် ဟုပြောလို့ရသည်။
ထပ်ပေါင်းပြောရပါက ထိုသို့လမ်းလျှောက်လာစဉ် လမ်းတစ်လျှောက်၌ ကျိချုံးတောင် စားဖိုဆောင်လုပ်သားများ၏ အခြေအနေအရပ်ရပ် မှန်သမျှကို မြင်နေရသည်။
ထိုအချိန်တွင် ကောင်းကင်မှ ဖြာစင်းလာသော ရောင်စဉ်သုံးခုက ထိုစားဖိုဆောင်ဝန်းထဲသို့ ဝင်သွားသည်မှာ သိသာထင်ရှားရှိလှသည်။စားဖိုမှူးလေး၏ အင်မော်တယ်လမ်းခရီးစဥ်:
“အဲ့ဒါက ဘာကြီးလဲ?”
“အဲ့ဒီမှာ အစ်မ(၂)ရဲ့ စားဖိုဆောင်ငယ်လေးက လွဲလို့ ဘာမှမရှိဘူးလေ”
“..........အစ်မ(၂)တော့ ထပ်ပြီး လျှို့ဝှက်ဆန်းကြယ်တာတွေ လုပ်ပြန်ပြီလား?”
“ဟင်း.........”
ဓားတောထဲတွင် ယန်းယန်သည် ဓားလေ့ကျင့်နေရာမှ မနေနိုင်စွာ သူ၏ဓားချက်ကို ရပ်တန့်လိုက်သည်။ပြီးနောက် သူ၏မျက်လုံးနှင့် မြင်နိုင်သမျှ အကွာအဝေးအား လှမ်းမျှော်ကြည့်လိုက်သည်။
သို့သော်လည်း.........
စားဖိုဆောင်ငယ်လေးထဲတွင် ဆူးယွိနှင့်ဟန်ဝမ်အော်မှာ မျက်နှာချင်းဆိုင်နေကြသည်။
ဆူးယွိသည် မနေနိုင်စွာဖြင့် ချောင်းဖျော့ဖျော့တစ်ချက်ဆိုးလိုက်၏။ သူမသည် ဒီဂိုဏ်းတူညီမငယ်လေး၏ ကြည်ညိုလေးစားဖွယ် ကောင်းသော မျက်လုံးများအောက်တွင် ကျရှုံးသွားသည့်အလားပင်။ ပြီးနောက် အရိုးထည့်သည့် ကြွေပန်းကန်ပြားလေးထဲသို့ ကြည့်လိုက်သည်။
ကြွေပန်းကန်ပြားလေးပေါ်ရှိ အနီရောင်များ လွင့်ပြယ်သွားပြီးနောက် ရွှေရောင်ဆံထိုးလေးသည် လင်းလက်တောက်ပလာလေသည်။
ရွှေရောင်ဆံထိုးလေး၏ အနားတစ်ဖက်သည် ခြေသည်းများကဲသို့သော အမြိတ်တွဲလွဲလေးများဖြင့် လေးမွှာကွဲထွက်နေလေ၏။
ဒါက သူမလုပ်တဲ့ ကြက်ခြေထောက်ချဉ်စပ် မဟုတ်ဘူးလား?
ဒီဆံထိုးသာ သူမတို့ခေါင်းမှာ ထိုးထားပါက ခြေတစ်လှမ်းလှမ်းတိုင်းမှာ သုံးကြိမ်လှုပ်ခပ်နေမည်ဖြစ်ပြီး ထိုဆံထိုးမှ အလင်းတန်းများကလည်း လူတိုင်းကို မျက်စိကြိမ်းစေလောက်သည်။
ဆူးယွိသူမခေါင်းကို လက်နှင့်ထောက်လိုက်လေ၏။
“ အစ်မ.......အစ်မ(၂).......” ဟန်ဝမ်အော် သူမ၏ပါးစပ်ကို ထိတ်လန့်စွာ ပိတ်လိုက်သည်။
‘ မယုံနိုင်စရာကြီး၊ဒါကြီးက ငါထွေးထုတ်လိုက်တာတဲ့လား?၊ဘုရားရေ’
ထိုအရာသည် ကြည်ခြေထောက်ဟင်းထဲကလာသော်လည်း ဆူးယွိသည်ကတော့ အနည်းငယ်ကံကောင်းသည် ဟုသာခံစားရလေသည်။
ဆရာမဆူးသည် ကြက်ခြေထောက်များကို အသေးစိတ်ကစပြီး အာရုံထားကာ သန့်ရှင်းလေသည်။
အခုတော့ ဒီရွှေဆံထိုးသည်က ခြေသည်းများမရှိပါပဲနှင့် နည်းနည်းရီစရာတော့ကောင်းသည်ပင်။
ဆရာမဆူးသည် သူမခံစားချက်ကို အနည်းငယ် ထိန်းချုပ်ပြီးနောက် စိတ်ငြိမ်လာလေသည်။ “ ဟုတ်ပြီ။ဒါကမင်းနဲ့ အရမ်းသင့်တော်တာပဲ။အစ်မ ပြောသားပဲ မင်းနဲ့ ဂိုဏ်းတူညီမငယ်လေးတွေအတွက် အထူးစီစဉ်ထားတယ်ဆိုတာလေ။အခုစမ်းဝတ်ကြည့်ပါအုံး”
“ စမ်း..စမ်းဝတ်ကြည့်ရမယ်။ဒါက ညီမဟာပေါ့.... ညီမစမ်းဝတ်ကြည့်ရမှာပေါ့နော်…..”
ဟန်ဝမ်အော် သူမ၏လက်ကို ရွှေဆံထိုးသို့ လှမ်းလိုက်ပြီး ကောက်ယူကာ အသက်ပြင်းပြင်းရှူလိုက်သည်။
ရွှေရောင်အမြိတ်တစ်ခုစီတိုင်းသည်တွင်က ပုလဲကဲ့သို့အရွယ်အစားနှင့် အနီရောင်ကျောက်သုံးခုစီ ပါလေသည်။သူမကောက်ယူလိုက်သည်နှင့် ထိုအမြိတ်များက ယမ်းခါသွားပြီး ကောင်းကင်ဘုံမှ ဖြာစင်းနေသော ရောင်စဉ်တန်းများကဲ့သို့နှယ် သူတို့တွေသည်ပင် ကောင်းကင်ဘုံသို့ရောက်သွားသလို ခံစားရသည်။
‘တကယ့်ကို ဟိတ်ဟန်ကြီးတဲ့ အဆင့်(၃)မှော်အသုံးအဆောင်ပဲ’
သူမ၏ မူလနှစ်ထပ်ဆံထိုးသည်ကား အဆင့်(၂)သာရှိသော အဆင့်နိမ့်မှော်လက်နက်တစ်ခုမျှသာ ဖြစ်သည်။ထိုအရာသည် ရန်သူအား ကုပ်ခြစ်နိုင်သည်၊လှီးဖြတ်နိုင်သည်မှလွဲပြီး အပိုအဆင်တန်ဆာနှင့် ထပ်တိုးစွမ်းအားလည်းမရှိပေ။ထိုဆံထိုးသည် ဒီအတိုင်း တိုက်ခိုက်၍ရသော နီရွှေရွှေ မှော်လက်နက် တစ်ခုမျှသာ ဖြစ်နေလေ၏။
ဟန်ဝမ်အော်သည် ကြက်ပေါက်တစ်ကောင်လို ခုန်ပေါက်နေသော သူမ၏ရင်အား လက်နှင့် ဆုပ်ကိုင်လိုက်သည်။သူမ မနေနိုင်စွာဖြင့် ဆံထိုးမှ အမြိတ်လေးများကို ထိလိုက်သည်။သူမ၏မျက်နှာလေးသည် စိတ်ကျေနပ်မှုများနှင့်ပြည့်နှက်ကာ နီရဲရဲလေးဖြစ်နေသည်။သူမ ထိုဆံထိုးလေးအား အသက်အောင့်ပြီး လက်နှစ်ဖက်ဖြင့် သေချာကောက်ယူလိုက်ကာ ခေါင်းတွင်ထိုးလိုက်တော့သည်။
ထိုဆံထိုးမှ အနီရောင်ကျောက်များသည် သူမ၏နူးညံ့သောမျက်နှာကို ပံ့ပိုးနေသယောင် ရှိလှသည်။
“ မိုက်တယ်၊အခုမင်းရဲ့ အနီရောင်ဝတ်စုံနဲ့ လိုက်ဖက်သွားပြီပဲ လှလိုက်တာ” ဆူးယွိက ခပ်ပြုံးပြုံးလေးနှင့် ခေါင်းညိမ့်ကာ ပြောလာသည်။ “ နောက်တစ်ကြိမ်ဘယ်လိုပုံလိုချင်လဲဆိုတာကို အစ်မ(၂)ကို ပြော”
ဟန်ဝမ်အော် မှင်သက်မိသွားသည်။
“အခြားပုံစံ?”
သူမတွင် ဆယ်စုနှစ်တစ်ခုတိုင်အောင် ဘယ်နေရာသွားသွား ဒီဆံထိုးတစ်ချောင်းသာရှိခဲ့သည်။
“မင်းရဲ့ အစ်ကို(၅)ကို အလှပြင်သေတ္တာ သွားဝယ်ခိုင်းလိုက်” ဆူးယွိ ဂိုဏ်တူညီမလေး၏ ခေါင်းမှ ဆံထိုးကို ကြည့်ကာ ပြောလိုက်သည်။ “ နောက်ဆိုရင် မင်းရဲ့ အဆင်တန်ဆာနဲ့ ဝတ်စုံကို စိတ်ခံစားချက်နဲ့အခြေအနေအပေါ်လိုက်ပြီး ပြောင်းရမယ်”
ဆရာမဆူးသည် ထိပ်တန်းအလှတရားနှင့် ပြည့်စုံသော သူတစ်ဦးပင်။သူမသည် အမြဲတမ်း အရောင်အသွေးနှင့်ပုံစံကို အသေးစိတ်တွဲဖက်ပေါင်းစပ်ကာ ဆင်ယင်တတ်သည်။
ဟန်ဝမ်အော် ထိုသို့ကြားတော့ ထိတ်လန့်သွားသည်။
“အလှပြင်သေတ္တာ......”
အစ်မ၂ဆီမှာ တတိယအဆင့် မှော်ဆံထိုးတွေက ဘယ်လောက်တောင်ရှိနေတာလဲ?
သူမတစ်ယောက်တည်းတောင် ဒီဆံထိုးတစ်ချောင်းတည်းနဲ့ အပျော်ရွှင်ဆုံး ကျင့်ကြံသူအမျိုးသမီးတစ်ယောက်လိုခံစားနေရတာ။