အခန်း(၂၅) ။ အစားအသောက်မဖြုန်းတီးနဲ့ရုတ်ရုတ်သဲသဲ ဖြစ်နေစဉ် အကဲဖြတ်ဆရာကြီးက မျက်လုံးပြန်မှိတ်လိုက်ပြီး လက်ကို အင်္ကျီထဲ ပြန်သွင်းလိုက်သည်။
ပုလဲရောင်အခွံတစ်ခုက အပြင်က အခြေအနေကို အာရုံခံမိဟန်နှင့် ထူထဲမာကြောလှသောအခွံက အလယ်မှာ အနည်းငယ် ဟ လာသည်။ နံပါတ် ၁၆ ဖြစ်သူ ကျိုးရန်၏ မျက်လုံးပေါ်လာသည်။"အင်းကွက်မရှိတော့ဘူးပဲ" ကျိုးရန် ရေရွတ်လိုက်သည်။
သူ့စကားဆုံးသွားသောအခါ အခြား အခွံများလည်း တစ်ခုပြီးတစ်ခု ပွင့်လာကြသည်။နတ်ကြိုးငါးသွယ်၊ ဓား ၁၈ စင်းပေါင်းစည်းခြင်း၊ ချန်ခွန်းပေတံ အကုန်လုံး ပျံထွက်လာကြသည်။
ပြိုင်ပွဲကွင်းတစ်ခုလုံး အံ့အားသင့်သွားကြသည်။
"အင်းကွက် ပုံစံဖော်" ထိုက်ကန်းတောင်ထိပ်မှ ကျိထို မျက်မှောင်ကုပ်ပြီး အော်လိုက်သည်။တူကို လက်တစ်ဖက်ဖြင့် ပစ်လွှတ်လိုက်ပြီး တူက ကျိချုံးတောင်မှ ၅ ယောက်ကို ထိခါနီးတွင် အခြားလက်ဖြင့် သဲစားပွဲကို ပစ်လွှတ်လိုက်သည်။
သူဘာမှမလုပ်နိုင်ခင်မှာပင် နတ်ကြိုးငါးသွယ်၊ ဓား ၁၈ စင်းပေါင်းစည်းခြင်း...အားလုံးက ယောက်သွားခွံထဲသို့ ပြန်ဝင်သွားပြီး အခွံငါးခုလုံး တင်းတင်းကြပ်ကြပ်ပြန်ပိတ်သွားကြသည်။
ကျိထိုရဲ့ တူက ပိတ်နေသော ယောက်သွားခွံများကိုသာ ထိမိသည်။ သူ၏ ရွှေအမြုတေစွမ်းအားဖြင့် ပစ်လိုက်သောတူက ပုလဲရောင်အခွံကို အစင်းရာလေးမျှထင်အောင် မလုပ်နိုင်ချေ။ကျိထို။ ။"..."
အံ့အားသင့်နေစဉ် တတိယအဆင့် သေမင်းအင်းကွက်က ပုံစံပြန်ပေါ်လာပြီး ယောက်သွားအခွံငါးခုကို သဲများဖြင့် ဖုံးလိုက်သည်။
အဝါရောင်သဲများ ပြိုင်ပွဲကွင်းပြင်ကို ဖုံးလွမ်းသွားပြန်ပြီး သဲအတွင်းရှိအခြေအနေကို ဘယ်သူမှ မမြင်ရတော့။ ကျိချုံးတောင်ထိပ်မှ လူငါးယောက်၏ အသက်ရှူသံက ပျောက်သွားပြန်သည်။
"အဲ့ဒါဆို သူတို့က မသေဘဲ၊ ဒဏ်ရာမရဘဲ ဒီကာကွယ်ရေးမှော်ပစ္စည်းထဲမှာ ပုန်းနေကြတာပေါ့"