အခန်း ၁၀ မှ ၁၄ (unicode)

1.2K 211 0
                                    

Unicode

အခန်း(၁၀) ။ ဟင်းချက်ပြီး လောကကြီးအကျိုးသယ်ပိုးမယ်

 

အလင်းတမျှမြန်လွန်းသောကြောင့် ပထမအဆင့်ဂဠုန်ကို အမြန်နှုန်းအတွက် ဆေးဖော်ရာတွင် အသုံးပြုတတ်ကြသည်။

တောင်ပံရိုးကို အမှုန့်လုပ်၍ ဓားတွင်သုံးလျှင် ဓား၏အရှိန်ကို ပိုမြန်စေသည်။

သို့သော် မအောင်မြင်နိုင်မှု ရာခိုင်နှုန်းက မြင့်မားသည်။ ဆေးဖော်ရာတွင်ဖြစ်စေ လက်နက်ပြုလုပ်ရာတွင်ဖြစ်စေ မအောင်မြင်နိုင်မှု ရာခိုင်နှုန်းမှာ ၈၀% ထိရှိသည်။

ယေဘုယျအားဖြင့် သားရဲ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းကို အသုံးပြုလျှင် ထိုသားရဲ၏ စွမ်းအင်ဗဟိုချက်ပါရသည်။ စွမ်းအင်ဗဟိုချက်တန်ဖိုးက သေးသည်မဟုတ်။ ပထမအဆင့်သားရဲ၏ စွမ်းအင်ဗဟိုချက်မှာ အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ခန့်တန်သည်။

လုယိကျူးလို လူမျိုးအနေဖြင့် ဝယ်နိုင်ရန်အသာထား၍ စိတ်ကူးရန်ပင် မတတ်နိုင်သောပမာဏဖြစ်သည်။

သူဝယ်လာသော ဂဠုန်မှာ စွမ်းအင်ဗဟိုချက်မပါသဖြင့် တစ်ကောင်လုံးတန်ဖိုးက ဝိညာဉ်ကျောက်တုံး ၂၀၀၀ သာရှိသည်။ သူရှိသမျှဖြင့် မျက်စိမှိတ်ဝယ်ခဲ့သော ပျက်စီးနေသည့်အပိုင်းမှာ သားရဲ၏ လေးပုံတစ်ပုံမျှသာရှိသည်။

ထိုသို့ ကုန်ကျစားရိတ်များသောကြာင့် သာမန်လူတန်းစား အတွင်းအားပိုင်ရှင်များအတွက် သားရဲများကို လက်နက်ကို အစွမ်းမြှင့်ရန်၊ အတွင်းအားတိုးတက်စေနိုင်ရန် အသုံးပြုနိုင်ဖို့ အလွန်ပင်ခက်ခဲသည်။

သို့သော် လုယိကျူးမှာ အမြန်နှုန်းမြှင့် စွမ်းအားမရခဲ့ပေ။ အမြန်နှုန်းအစား သူ၏ကူချင်းသံမှာ တောင်များကိုခုတ်ဖြတ်နိုင်သော ဓားသဏ္ဌာန်ရှိသည့်တောင်ပံများပါသော ဂဠုန်အသွင်ပြောင်းသွားလေသည်။ ဓာတ်လုံးကြောင့် လုယိကျူးဟာ ဂဠုန်၏ အနှစ်သာရကို ဖမ်းဆုပ်နိုင်သွားခြင်းဖြစ်သည်။

ဒီလိုတစ်ခါမှမဖြစ်ဖူးခဲ့ပေ။

"ဘယ်လိုတောင်လဲ"

စားဖိုမှူးလေး၏အင်မော်တယ်လမ်းခရီးစဥ် Donde viven las historias. Descúbrelo ahora