Ch 98

918 94 0
                                    

စစ်မှန်သော Alpha

ဤမှတ်ချက်ကိုမြင်သောအခါ ယန်ချုံးက ကြောင်နှင့်အတူ ဆိုဖာပေါ်တွင် အိပ်နေသည်။  သူချက်ချင်း မျက်မှောင်ကြုတ်လိုက်တယ်။

ကျေးဇူးပြုပြီး ကျိရှင်းလန် ဘာကြောင့်ဖိုရမ်မှာ ရှိနေတာလဲဆိုတာ ကျေးဇူးပြုပြီး  တစ်ယောက်ယောက်သူ့ကိုပြောပြကြပါဦး?

ကျိရှင်းလန် မထွက်ခဲ့ရင် ပိုကောင်းလိမ့်မယ်။  ဖိုရမ်ရှိလူများက အနည်းငယ် ငြင်းခုံတတ်ကြသော်လည်း ကျိရှင်းလန်က တစ်ကယ် ပြန်ဖြေခဲ့တယ် ။ 

သူက ယန်ချုံးကို သူ့မိန်းမလို့တောင် ခေါ်တယ်။

လက်ထပ်လက်မှတ် ရထားသော်လည်း အခြားသူများကမူ ယင်းအကြောင်းကို မသိဘဲ ချစ်ခင်မြတ်နိုးဖွယ် ခေါင်းစဉ်တစ်ခုသာဟု ထင်မြင်ကြမည်ဖြစ်သည်။  ထို့အတွက်ကြောင့် ၎င်းတို့က ရုတ်ချည်း ပေါက်ကွဲသွားပြီး မကြာမီ စာမျက်နှာအနည်းငယ်ကို စာတွဲထဲသို့ ထပ်ထည့်လိုက်ပါသည်။  သူတို့အားလုံးက ကြွေးကြော်သံများဖြင့် ပြည့်နှက်နေပြီး ယန်ချုံးက ၎င်းကို ဆက်ဖတ်ရန် မဖြစ်နိုင်တော့ပေ။

[မိန်း…မ…?]

[ထပ်ပြောပါဦး ?!]

[ဟန်ဆောင်တာကို ရပ်လိုက် အပေါ်က မှတ်ချက်ပေးသူရေ  ငါ မင်းအကြောင်းပြောနေတာ။  ID အတုနဲ့ ဘယ်သူကို လာလိမ်နေတာလဲ ? သခင်လေးကျိအတွက် ပြောခွင့်ရှိလို့လား? ]

[အမ်... အပေါ်က မှတ်ချက်ပေးသူရဲ့ ပရိုဖိုင်ကို နှိပ်ပြီး အတည်ပြုထားတဲ့ အကောင့်အမည်ကို ကြည့်လိုက်ပါ။  (စီးကရက်မီးညှိ)]

[…ဘုရားသခင်၊ ကျိရှင်းလန် ရဲ့အကောင့်လား? ]

[ငါက သူ့မိန်းမပါ QAQ ]

[ဘာကြီးလဲ?   ငါတို့ကျောင်း အိုင်ဒေါ က ဒီခွေးမရဲ့ လှည့်စားခံရတာ အမှန်ပဲ ဟုတ်တယ်မလား ?]

ယန်ချုံးက အများအားဖြင့် အခြားသူများ၏ ဆွေးနွေးချက်များကို ဂရုမစိုက်ပေမယ့် သူ့ကို "ခွေးမ" ဟု ထပ်ခါတလဲလဲ ခေါ်ခြင်းကြောင့် အနည်းငယ် စိတ်ဆိုးသွားခဲ့သည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now