Ch 105

890 88 6
                                    

အပိုင်း ၁၀၅ - ငါတို့မင်္ဂလာပွဲအတွက် လာမယ့်လမှာ ပြင်ဆင်ရမယ်


နောက်ဆုံးစာမေးပွဲအပြီးတွင် ယန်ချုံးသည် သူလွတ်သွားသမျှကို အမီလိုက်ချင်သလို ပြုမူခဲ့သည်။  သူသည် လုံးဝအပိတ်ခံထားရပြီး အိမ်တွင် ဂိမ်းများသာ ကစားခဲ့သည်။

ကျိရှင်းလန် က သူ့ကို ကိုယ်ဝန်ရှိစဥ်အချိန်တွေမှာ အများကြီးမကစားရဘူးလို့ သတိပေးတဲ့အချိန်အထိ ယန်ချုံးက သူ့ရဲ့ဂိမ်းတွေကို တုံ့ဆိုင်းစွာ ရပ်တန့်ပစ်လိုက်ပါတယ်။

နှစ်​သစ်​ကူးပြီး​နောက်​ အိမ်တော်ထိန်း နဲ့     ထမင်းချက်​တို့ ပြန်​လာခဲ့ကြသည်​။ ယန်ချုံး မှာ တခြားလုပ်စရာမရှိတာကြောင့် ချက်ပြုတ်နည်းကို သင်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။  ထမင်းချက်သည် တုန်လှုပ်၍ သူ့ကို စိုက်ကြည့်လိုက်၏။  သတိမထားမိတဲ့ အမှားက မီးဖိုချောင်မှာ ပေါက်ကွဲသွားမှာကို သူကြောက်ရွံ့ပြီး စိုးရိမ်နေမိပါတယ်။


ကံကောင်းစွာနဲ့ပဲ ကျိရှင်းလန် ရဲ့ ထမင်းချက်က တော်တော် တော်ပါတယ်။  ဒါပေမယ့်လည်း မစ္စစ်ကျိကို သူ့အရည်အချင်းနဲ့အထင်ကြီးအောင် မလုပ်ရင် သူ့ကို အလုပ်ခန့်မှာ မဟုတ်ဘူး။


တစ်ပတ်အတွင်း ယန်ချုံး ၏ ဟင်းချက်ကျွမ်းကျင်မှုသည် သိသိသာသာ တိုးတက်လာသည်ကို ပြသခဲ့သည်။  ကြောင်က သူလုပ်ထားတဲ့ ပစ္စည်းတွေကိုတောင် မထီမဲ့မြင်ပြုပေမဲ့ မနက်စာအတွက် အသားညှပ်ပေါင်မုန့်တွေထက် သူ ပိုလုပ်နိုင်ပါတယ်။

…….

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း လန်လန်သည် အချိန်ကာလတစ်ခုအထိ ပျောက်းသွားပုံရသည်။


ဂရုတစိုက်လေ့လာကြည့်သောအခါ၊ ယန်ချုံး သည် အခွင့်အလမ်းတစ်ခုတွေ့ရှိပြီးချိန်တွင် အပြင်ဘက်သို့ ပြေးသွားသည်ကို တွေ့ရှိခဲ့သည်။  ခြံစည်းရိုးကို ခုန်ကျော်ပြီး အိမ်နီးနားချင်းရဲ့အိမ်ကို ရောက်သွားမယ်။  အပြင်မှာ မှောင်နေမှ အဲ့ကြောင်က ပြန်လာတာ။


ကျက်သရေရှိသော တင်ပါးရှိသည့် နူးညံ့သောကြောင်တစ်ကောင်သည် မကြာသေးမီက အိမ်နီးချင်းမိသားစု၏ အစိတ်အပိုင်းဖြစ်လာခဲ့သည် ။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Tempat cerita menjadi hidup. Temukan sekarang