Ch 77

1.2K 137 2
                                    

တစ်စုံတစ်ယောက်က အသံကိုကြားပြီး ရောက်လာခဲ့သည်


“ဒါဆို သွားစစ်ဆေးကြည့်။ လုပ်ထုံးလုပ်နည်းက လုံးဝ မခက်ပါဘူး”  ယန်ချုံးက သူ့အင်္ကျီအနားကို ဆုပ်ကိုင်ထားပြီး မလှုပ်ရှားတာကို ရှဲ့ယွီ မြင်တဲ့အခါမှာ သူ(ရှဲ့ယွီ)က သူ့အတွက် ဆုံးဖြတ်ချက်ချလိုက်သည်။


“စစ်ဆေးပြီးတာနဲ့ မင်းလုပ်ချင်တာကို လုပ်။ ကျိရှင်းလန်က မင်းကို တကယ်လိမ်ရဲတယ်ဆိုရင် ငါ သူ့ကိုသင်းကွပ်ပစ်မယ်”


ယန်ချုံးက ဆိုဖာပေါ် မှာမှီပြီး ရှဲ့ယွီရဲ့ တောင်စဥ်ရေမရပြောနေတာကို လျစ်လျူရှုလိုက်သည်။ သူလက်ထပ်စာအုပ်ကို  ကောက်ယူလိုက်ပြီး အနည်းငယ် စိတ်ရှုပ်သွားသည် ။

 ကျိရှင်းလန်အပေါ်ထားတဲ့ သူ့ရဲ့ ယုံကြည်မှုကြောင့်၊ သူဒီကိစ္စကို များများစားစား မစဉ်းစားဘဲ ယခင်က ကိုယ်ဝန်စစ်ဆေးမှုကို မပြုလုပ်ခဲ့ပေ။


ဒါပေမယ့်အခုတော့ ယန်ချုံး သူ့(ကျိရှင်းလန်)ကို လက်ထပ်လာဖို့ ကျိရှင်းလန်က သူ့ကို လိမ်ညာပြီး အရိပ်အယောင်တွေ အားလုံးကအဲ့တာကိုပဲ ညွှန်ပြနေပုံရသည်။

သူ ကျိရှင်းလန်ကိုကြိုက် တယ် ဒါပေမယ့် ကျိရှင်းလန်သူ့ကို  ကစားနေသည့်အတွက် ခွင့်လွှတ်မယ်လို့တော့ မဆိုလိုဘူး။

“ငါ မသွားနိုင်ဘူး။  ကျေးဇူးပြုပြီး ငါ့ကို ကိုယ်ဝန်စစ်တဲ့ဟာဝယ်ပေးနိုင်မလား?”  ယန်ချုံးက သူ့မျက်လုံးတွေကိုမှိတ်ထားရင်း စိတ်တွေဝေဝါးနေသလို ခံစားလိုက်ရတယ်။


သူအတည်မပြုခင်အထိ သူ ကျိရှင်းလန်ကို သံသယဝင်နေတာတွေကို သူ့ကို မမြင်သွားစေချင်ဘူး။မဟုတ်ရင် သူ့ကို မယုံကြည်သလို ခံစားရလိမ့်မယ်။


ရှဲ့ယွီက တာဝန်ကိုလက်ခံလိုက်ပြီး “အဲ့တာက ကျောင်းအပြင်ဘက်က ဆေးဆိုင်မှာရနိုင်လိမ့်မယ်။  အားလပ်ချိန်မှာ ငါသွားဝယ်လိုက်မယ်။ ဒါပေမယ့် ငါက ဖြူစင်တဲ့ကောင်လေးနော် ဒီလိုပစ္စည်းမျိုးဝယ်တဲ့အခါမှာ ရှက်နေရမှာဘဲ…”လို့ရေရွတ်လာသည်။


ယန်ချုံး အဲ့တာကိုတွေးရင်း တစ်ခစ်ခစ်နဲ့ရယ်လိုက်သည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Waar verhalen tot leven komen. Ontdek het nu