Ch 111

758 79 0
                                    

အပိုင်း ၁၁၁ - ဒါက မင်းရဲ့ အတွင်းရေးမှူးကို ဘယ်လိုဆက်ဆံတာလဲ။

ဒီနှစ် ရီရှင်းရဲ့ ဆောင်းရာသီက နွေးသည်။ ဇန်န၀ါရီလရောက်နေပြီဖြစ်သော်လည်း နှင်းမကျသေးပေ။

“ဒီနှစ် နှင်းကျမယ် မထင်ဘူး”


ယန်ချုံး ပြတင်းပေါက်ရှေ့မှာ ရပ်ခဲ့ပြီး ကျိရှင်းလန်က သူ့ဂျာကင်အင်္ကျီကို ဝတ်ခိုင်းလိုက်သည်။ မော့ကြည့်သောအခါ အပြင်ဘက်တွင် ကြည်လင်သော အပြာရောင်ကောင်းကင်ကြီးကို မြင်လိုက်ရပြီး သက်ပြင်းချလိုက်မိသည်။  အခြေအနေကို တွေ့ရတော့ နည်းနည်းတော့ နောင်တရမိသည်။

မနှစ်က နှင်းတွေကျတဲ့ အချိန်က ကျိရှင်းလန် နဲ့ အတူ ပန်းခြံကို သွားပြီး နှင်းတွေထဲမှာ နမ်းဖူးတာကို သူ မှတ်မိသည်။

အချိန်တွေကုန်လွန်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ်တစ်နှစ်ဆိုတာက ကုန်သွားပြန်သည်။

 သူသည် ကျိရှင်းလန်၏ အတွင်းရေးမှုး အလုပ်သင်အဖြစ် တစ်ပတ်ကြာ လုပ်ခဲ့သည်။ သူ၏လမ်းညွှန်မှုအောက်တွင် သူ့အလုပ်နှင့် ရင်းနှီးလာခဲ့သည်။ ဗိုလ်ကြီး ကျိ က သူ့အလုပ်အပေါ် ကျေနပ်ကြောင်း ထုတ်ဖော်ပြောပြီးတာနဲ့ ယန်ချုံးဟာ ရာထူးကို တရားဝင်ရယူဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ကျိရှင်းလန်နဲ့အတူတူ ရုံးခန်းမှာထိုင်ပေမယ့် ယန်ချုံးက သူ့ကို မကြာခဏ အနှောင့်အယှက်မပေးချင်ဘူး။  ဒါကြောင့် သူသည် တစ်ယောက်တည်း မပျင်းမရိ အလုပ်လုပ်သည်။


ယန်ချုံးသည် လုပ်ငန်းခွင်သို့ ဝင်ရောက်ခဲ့ဖူးပြီး အလုပ်မျိုးစုံကို စီမံခန့်ခွဲရာတွင် အတွေ့အကြုံမရှိပေ။  ထို့အတွက်ကြောင့် သူသည် လေးလံသောအလုပ်ဝန်ထုပ်ပိုးကြောင့် အလွန်အမင်း ဖိစီးမှုခံစားရသည်။


တစ်ပတ်လုံးလုံး သူသည် မော်နီတာအား ရိုးရှင်းစွာ စိုက်ကြည့်ကာ စာတမ်းများကို ဖတ်ကာ ကီးဘုတ်ပေါ်တွင် တပြိုင်နက် စာရိုက်ခြင်းကိုပြုလုပ်နေပြီး တချိန်လုံး မူးနောက်နေသည်။

သူ့အလုပ်တွေအကုန်ပြီးချိန်မှာတော့ ပိတ်ရက်နှစ်ရက်ကိုရောက်လာပြီး ယန်ချုံးဟာ အိပ်ယာပေါ်မှာ မောပန်းနွမ်းနယ်စွာ လှဲနေခဲ့ပြီး နောက်တစ်နေ့ မွန်းတည့်လောက်မှာသာ နိုးလာခဲ့သည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now