Ch 113

619 80 0
                                    

အပိုင်း ၁၁၃ - နဂါးပေါက်စ

တက်ကြွသော Alphaကလေးတစ်ယောက်အနေဖြင့် ရှင်းရှင်း သည် ချုံးချုံး ထက်စောပြီး တွားသွားပုံကို သင်ယူခဲ့သည်။

ဒါပေမယ့် စကားပြောတဲ့အခါမှာတော့ ချုံးချုံး က ဦးဆောင်ခဲ့သည်။

ချုံးချုံး က ပူစီဖောင်းတွေမှုတ်ထုတ်ကာ "ပါပါး" လို့ပြောပြီး ယန်ချုံး နဲ့ ကျိရှင်းလန် ကို ပျော်ရွှင်အောင်လုပ်နေချိန်မှာ ရှင်းရှင်း က ဘယ်လိုပြောရမှန်းမသိဘဲ ဘေးမှာသာထိုင်ပြီး တခြားသူတွေရဲ့ တုံ့ပြန်ပြောဆိုမှုကို မနာလိုစိတ်နဲ့ စောင့်ကြည့်နေချိန်မှာပဲ တစ်ချိန်တည်းမှာပဲ သူ့အတွက် စိုးရိမ်နေသည်။


ချုံးချုံး က သူတို့ရဲ့ မိဘတွေကို ချိုသာစွာ ခေါ်လိုက်တိုင်း ဖခင်တွေက တကယ်ကို ပျော်ရွှင်စွာ တုံ့ပြန်ခဲ့ကြတယ်လို့ သူပြောနိုင်ပါသည်။

ထို့ကြောင့် ရှင်းရှင်း သည် မနာလိုစွာ မျက်တောင်ခတ်ပြီး သူ၏ သေးငယ်သော အသံဖြင့်  ကျပန်းစကားများဖြင့် ချုံးချုံး ကို အတုယူရန် ကြိုးစားသည်။


ရုတ်​တရက်​ စကားသံ​တွေ ထွက်​လာ​တော့ ယန်ချုံးက ရှင်းရှင်းကို ကြည့်​လိုက်​​ပေမယ့်​ သူ​ပြောတာကို နားမလည်​ခဲ့ဘူး ​။  ထို့ကြောင့် ကျိရှင်းလန် နှင့် ဆွေးနွေးရန် ကြည့်မိလိုက်သည်။

“မင်းရဲ့သား ဗိုက်ဆာနေတာလား ”

“မဖြစ်နိုင်ဘူး ”ကျိရှင်းလန် သည် ရုတ်တရက် အရူးအမူးစတင်၍ ရှင်ရှင်းအား ကြည့်နေပြီး "ကိုယ် သူ့ကို နို့တိုက်ထားတယ်" လို့ ချီတုံချတုံနဲ့ ပြောလိုက်သည်။


ကျပန်းအသံများပြုလုပ်ခြင်းမှလွဲ၍ ရှင်းရှင်း သည် မည်သည့်အဓိပ္ပါယ်ရှိသောအသံများကိုမျှ မဖန်တီးနိုင်ပေ။  ဖခင်များကို ပျော်ရွှင်စေရုံသာမက ညီဖြစ်သူ၏ အညှာတာကင်းတဲ့စနောက်ခြင်းကိုလည်း ခံခဲ့ရသည်။

 ချုံးချုံး ၏ ချေငံသော အမူအရာကိုမြင်သောအခါ မည်းမှောင်နေသော ရှင်းရှင်း သည် သူ၏လက်များနှင့်ခြေထောက်များဖြင့် ပို၍ပင်တွားတွားသွားပြီး ဒေါသထွက်နေတဲ့ ပန်ဒါတစ်ကောင်လို ထိုင်နေလိုက်သည်။  သူ့ကို ဘယ်သူပဲ ခေါ်နေပါစေ သူတို့ကို လျစ်လျူရှုထားသည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Tempat cerita menjadi hidup. Temukan sekarang