Ch 125

892 56 1
                                    

အပိုင်း ၁၂၅-  လီချန်းရန် /ရှဲ့ယွီ (3)

ရှဲ့ယွီ၏မိခင်သည် ဧည့်ခန်းသို့ပြန်သွားကာ သူတို့နှစ်ဦးကြားရှိ ထူးဆန်းသောလေထုကို သတိမထားမိလိုက်ပေ။  သူမသည် လီချန်းရန်ကို ဧည့်ခံခဲ့သည် ။

သူတို့နောက်ဆုံးတွေ့ခဲ့တာကကြာပြီဆိုတော့ ရှဲ့ယွီ ရဲ့အမေက လီချန်းရန် ရဲ့လက်ကိုကိုင်ပြီး မေးခွန်းမျိုးစုံမေးပါတော့သည် ။သူမသည် သူ့ကို တစ်ညလုံးအိပ်ခိုင်းလုနီးပါးပဲ။


သူမတကယ်မေးလျှင် လီချန်းရန် သည် ကမ်းလှမ်းမှုကို ငြင်းပယ်မည်မဟုတ်ကြောင်း ရှဲ့ယွီ သိထားသည်။

ထမင်းစားဝိုင်းမှာ ထိုင်ကြရင်း၊ ရှဲ့ယွီရဲ့အမေက အရင်တုန်းက သူတို့လုပ်ခဲ့သမျှတွေအကြောင်းအရာတွေကို ပြောပြရင်း ရယ်မောခဲ့သည်။  သို့သော် သူမသည် ၎င်းတို့ကို ဟာသများဟု ထင်မြင်သော တစ်ဦးတည်းသော သူဖြစ်သည်။

သူ၏ မေးစေ့ကို လက်ပေါ်တင်ပြီး လီချန်းရန် က သူမနှင့် ပူးပေါင်းကာ ပြုံးလျက် နားထောင်နေခဲ့သည်။

ရှဲ့ယွီ၏ အမေဆီမှာ သူမ၏မဆင်မခြင်လွှတ်ခနဲပြောတတ်သောစကားကို နားထောင်ဖို့ဆန္ဒရှိတဲ့ တစ်စုံတစ်ယောက် မရှိခဲ့သည်မှာ ကြာခဲ့ပြီ။  ရှဲ့ယွီသည် သူမ၏ ဟောပြောချက်ကို အနည်းငယ်ပင် နားထောင်ပြီးနောက် စိတ်မရှည်တော့သည့် ပုံစံဖြစ်လာသည်။

သူနှင့် နှိုင်းယှဥ်ကြည့်သောအခါတွင် လီချန်းရန် သည် မျက်လုံးထဲတွင် ပို၍ပင် နှစ်လိုဖွယ်ကောင်းသည်ကို သူမ တွေ့ရှိခဲ့သည်။

သူသည် ကောင်းမွန်သော မိသားစုမှ ဆင်းသက်လာကာ ရုပ်ရည်ကောင်းမွန်ပြီး ယဉ်ကျေးသိမ်မွေ့သူဖြစ်သည်။ အရေးမစိုက်သော သားဖြစ်သူထက် သူက အဖွဲ့ချုပ်ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်သည်။

သူ့အမေပြောနေတာတွေကို မရပ်မနားနားထောင်ရင်း သူ့အတိတ်အကြောင်းနဲ့ အိပ်ယာကို ဘယ်နှစ်ခါစိုအောင်လုပ်ခဲ့တယ် ဆိုတာကိုနားထောင်ခဲ့ရသည် ၊ ရှဲ့ယွီ က အစားအသောက်တွေကို သူ့ပါးစပ်ထဲကို အတင်းထိုးထည့်ပြီး ပန်းကန်လုံးထဲမျက်နှာဝင်လုနီးပါးပဲ။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now