Ch 103

1K 113 1
                                    


အပိုင်း ၁၀၃ - ငါ မင်းကို တစ်နှစ်ပတ်လုံး နမ်းခဲ့တာ

အကြိမ်အနည်းငယ် နှာချေပြီးနောက် ကျိရှင်းလန် ၏နှာခေါင်းသည် နောက်ဆုံးတွင် တည်ငြိမ်သွားခဲ့သည်။  သူသည် ဆိုဖာ၏ အခြားတစ်ဖက်တွင် ထိုင်ကာ စောင်အောက်တွင် နှစ်ယောက်သား စုပြုံနေကြသည်။  ရုပ်ရှင်ကြည့်ရင်း heaterဖွင့်ထားပြီး ဂျင်းလက်ဖက်ရည်နဲ့ ဇိမ်ကျနေကြသည်။

ဆောင်းရာသီမှာ ဖျားနာတာက ညှဉ်းပန်းနှိပ်စက်ခြင်းနဲ့ မခြားပါဘူး။  ကံကောင်းထောက်မစွာ၊ ၎င်းတို့သည် အချိန်မီ နွေးလာသောကြောင့်၊ အနည်းငယ် နှာချေပြီးနောက်တွင် အခြား လက္ခဏာများ မခံစားရဘဲ ၎င်းတို့၏ နှာချေမှုသည် အဖျားအဖြစ်သို့ ပြောင်းလဲသွားခြင်း မရှိပေ။

 ဒါပေမယ့် ယန်ချုံးက သူ့သင်ခန်းစာကို သင်ယူခဲ့ပြီး ကျိရှင်းလန်ကို မနမ်းဖို့ ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။

…… 

ယန်ချုံး သည် တစ်ရက်သာ အနားယူမည်ဟု ပြောသောအခါ အဲ့တာကအမှန်တကယ်ပင် အဓိပ္ပါယ်ရှိခဲ့သည်။  နောက်နေ့ကစပြီး သူ ကျိရှင်းလန် နဲ့ အရူးလုပ်တာ ရပ်သွားတယ်။  ကျိရှင်းလန် မနိုးခင်မှာ ယန်ချုံး က မနေ့ကတည်းက ကျန်နေတဲ့ ကိတ်မုန့်တစ်ဝက်ကို ယူလာပြီး စာကြည့်ခန်းသို့ သွားလိုက်တယ်။ နေ့လည်မတိုင်ခင် အဲ့တာကိုစားရင်းနဲ့ စာလေ့လာခဲ့တယ်။

 နေ့ခင်းဘက်မှာတော့ ကျိရှင်းလန် ကို မစ္စစ် ကျိ က ဈေးဝယ်ထွက်ဖို့ တောင်းဆိုခဲ့ပါတယ်။  သူပြန်လာသောအခါတွင် စာကြည့်ခန်းထဲက စားပွဲပေါ်တွင် ဝတုတ်နေတဲ့ ကြောင်တစ်ကောင်နှင့် ကိတ်မုန့်ဘူးအလွတ်တစ်လုံးကို တွေ့ရှိခဲ့သည်။

“မင်း အချိုပွဲတွေ အများကြီးစားထားတယ်၊ ညစာ မစားချင်တော့ဘူးလား?”ကျိရှင်းလန် ကြိတ်မှိတ်သည်းခံပြီး  မေးလိုက်သည်။

“လန်လန်း အဲ့တာကိုစားခဲ့တာ ”  ယန်ချုံး သည် စာရွက်ပေါ်တွင် တစ်စုံတစ်ခုကို ရေးခြစ်နေသည်။  သူသည် စားပွဲပေါ်တွင် လူးလိမ့်နေသော ဝတုတ်နေတဲ့ ကြောင်တစ်ကောင်ကို သူ၏အချောင်ဝင်ခံသူအဖြစ် အသုံးပြုကာ အချိန်ယူခဲ့သည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now