ep-1

3.8K 114 6
                                    

Uni

ငြိမ်းချမ်းလွန်းလှတယ်....သိပ်ကိုမှအေးချမ်းလွန်းတဲ့အရိပ်အောက်မှာ ခိုလုံနေရတဲ့ကလေးတွေရဲ့ ဘဝကငြိမ်းချမ်းလွန်းလှတယ် ။

ကျွန်တော့်မှာလဲရှိခဲ့ဘူးပါတယ် ၊ အဲ့လိုအပူပင်ကင်းမဲ့ပြီး အေးချမ်းသာယာတဲ့ ကလေးဘဝလေး။ ကျွန်တော့်နမည်က မိုင် ပါ ၊ အချိန်ပိုင်းအလုပ်ကလေး နှစ်ခု သုံးခုလောက်လက်ရှိ လုပ်နေပါတယ် ။ ပြောရမယ်ဆိုရင် ကျွန်တော်ကဆင်းရဲတယ်ဗျ ၊ အရမ်းကြီးဆင်းရဲတာမျိုးမဟုတ်ပေမဲ့လို့ စားနိုင်သောက်နိုင်အတန်းစားထဲကပေါ့ဗျာ ။  ကျွန်တော်ကတစ်ကောင်ကြွက်သမားဆိုတော့ ကျောင်းထားပေးမဲ့မိဘလည်းမရှိဘူးလေဗျာ ။ အဲ့တော့ ကိုယ့်ဘဝကိုယ်ကြောင်းခဲ့ရတာပေါ့ အဲ့အချိန်တုန်းကဆိုတော်တော်ခက်ခဲခဲ့တာဗျ ။ ကျွန်တော်ကဆင်းရဲတော့ သူများတွေလိုမသုံးနိုင်မဖြုန်းနိုင်ဘူးလေ အဲ့တော့ကျွန်တော်နဲ့မပေါင်းချင်ကြဘူးလေဗျာ ၊ ခုဖတ်နေတဲ့ ခင်ဗျား​လေးတို့ကော အဲ့လိုအဖြစ်မျိုးကြုံဘူးကြလား တော်တော်ခံရခက်တာနော် ။

" မိုင်ရေ~~ ဟိုမှာ Black Coffee မှာနေတယ်လေ မင်းဘယ်တွေငေးနေတာလဲ ”

ခင်ဗျားလေးတို့ကြားတဲ့အတိုင်းပဲ အခုကျွန်တော်က Coffee ဆိုင်တစ်ခုမှာ အချိန်ပိုင်းဝင်လုပ်နေပါတယ် ။ ကျွန်တော့်အကြောင်းကတော့ ပြောရင်ကုန်မှာမဟုတ်တော့ဘူး အဲ့တော့နောက်မှဆက်ပြောကြတာပေါ့နော် ၊ အခုတော့ Customer ကိုဦးစားပေးလိုက်အုံးမယ်နော် ။

" အမ်! ဟုတ်ဟုတ် ”

" မြန်မြန်လုပ်ပေးလိုက်...ဟိုမှာစောင့်နေတယ် ”

" ရပါတယ် ဖြေးဖြေးလုပ်ပါ~~ ”

" ရပါပြီ ဒီမှာအန်တီရဲ့ Black Coffee ”

မိုင် တစ်မြင်သက်သက်ရွဲ့ပြီး အန်တီလို့ခေါ်လိုက်ခြင်းဖြစ်သည် ။ လူကိုလာကြူချင်ကြတာ ဘာမှ Coffee သောက်ချင်လို့မဟုတ်ဘူး ။

" ဟမ်! အန်...အန်တီ ”

" ခွီး.. လှိုင်နင့်ကိုအန်တီတဲ့ ”

လှိုင်ဆိုသည့်အမျိုးသမီးဘေးမှာပါလာသူသည် သူ့သူငယ်ချင်းဖြစ်ပုံရတယ် ။ မိုင် အန်တီလို့ခေါ်လိုက်ခြင်းကို ဗိုက်ဖိကာ​အသေရီနေလေပြီ ။

 Mile [ Completed ] Where stories live. Discover now