Uni
" အဲ့..အဲ့တာဆို ဒီပုံကဘယ်လိုလုပ် ခွန်းဥက္ကာမောင်စီရောက်နေရတာလဲ "
" မ...မဖြစ်နိုင်တာ ဘယ်လိုလို့ ခွန်းဥက္ကာမောင်က ကိုကိုဖြစ်နေရတာလဲ "
" အာ..ငါဘာလို့ဘာမှမမှတ်မိတော့ရတာလဲ "
ဒါဆိုရင် ခွန်းဥက္ကာမောင်ပြောတဲ့ သူ့သူငယ်ချင်းဆိုတာ.... ၊ တကယ်ပဲ ခွန်းဥက္ကာမောင်က ကိုကိုလား ။ မဖြစ်နိုင်ဘူး....မဖြစ်နိုင်ဘူးလို့ပြောပေးကြပါ ။ အဲ့တာဆိုသူကတကယ်ပဲ ငါ့အတွက်ပြန်လာတာပေါ့ ။
အတွေးများစွာနဲ့ မိုင်ခေါင်းရှုပ်နေလေပြီ ။
တကယ်လားဆိုတဲ့အတွေးနဲ့ ၊ မဖြစ်နိုင်ဘူးဆိုတာက မိုင့်အတွေးထဲမှာရောယှက်လို့နေတယ် ။" တ..ကယ်ဆိုရင်ရော ငါဘာလုပ်သင့်လဲ "
တကယ်ဆိုရင်ကော ငါဘာလုပ်သင့်လဲ ၊ မိုင်ခဏအကြာမျှထိုအဖြေအား တွေးပူနေမိသည် ။
" ဟုတ်တယ် ငါစမ်းစစ်ကြည့်လို့ရတာပဲလေ "
ခွန်းဥက္ကာမောင်က တကယ်ပဲကိုကိုလားဆိုတာ ငါစမ်းစစ်ကြည့်လို့ရနိုင်တာပဲလေ ။
" ဒါပင်မဲ့ ဘယ်လိုလဲ "
မိုင်ဘယ်လိုစမ်းစစ်ကြည့်ရမလဲ ဆိုတာကိုတွေးပူနေခိုက် ။ အိမ်ထဲလူတစ်ယောက်ဝင်လာတယ် ကြည့်ရတာ ခွန်းဥက္ကာမောင် ပြောတဲ့လူဖြစ်နိုင်တယ်။
" အကိုက... "
" အကိုက ခွန်းဥက္ကာမောင် ခေါ်ထားလို့လာရတာပါ ၊ သူရှိလားမသိဘူး "
" အကိုခွန်းဥက္ကာမောင်က အိမ်မှာမရှိပါဘူး ၊ ဒါကသူအကို့ကိုပေးခိုင်းတာပါ "
မိုင်ဘေးနားက ဖိုင်လေးကို ထိုအကို့လက်ထံကမ်းပေးလိုက်သည် ။
" သူဘာမှာသွားသေးလဲမသိဘူး "
" တစ်ခြားထွေထွေထူးထူးတော့ ဘာမှမမှာသွားပါဘူး ဘာဖြစ်လို့လဲဟင် "
" ဘာမှမဖြစ်ပါဘူး "
" ကျွန်တော်ဖုန်းဆက် ပေးရမလားဟင် "
" ရပါတယ် အကို့ဘာသာပဲဆက်လိုက်ပါ့မယ် "
" ဒါနဲ့လေ အဲ့ဖိုင်က "
YOU ARE READING
Mile [ Completed ]
Romanceဘဝဆိုတာပန်းချီကားတစ်ချပ်လိုပဲ~~ ပန်းချီကားရဲ့ လှပခြင်း ၊ သေသပ်ခြင်းဟာဆေးရောင်ခြယ်တဲ့ ပန်းချီကားပိုင်ရှင်ပေါ်မူတည်တယ် ။