ep-3

937 51 1
                                    

Uni

" ဒါနဲ့ ညီ့နမည်က.... "

" မိုင် "

" မိုင်...? ၊ တစ်လုံးထဲလား "

" ဟုတ်တယ်ဗျ ၊ ကျွန်တော့်မိဘတွေက တစ်လုံးပဲကြိုက်လို့ "

" . . . . . .  "

" ရောက်ပါပြီ အကို "

" ဟမ်! မြန်လိုက်တာ "

" . . . . . . "

လေးဆယ့်ငါးမိနစ်လောက် ကြာတာကိုမြန်တယ် ၊ ဒီလူဘာလဲဟ ။

မြန်လိုက်တာ ငါကဒီကောင်လေးနဲ့စကားပြောချင်နေတော့ အချိန်တောင်မသိလိုက်ဘူး ၊ အံသြစရာပဲ ။

" အကို မဆင်းဘူးလားဗျ "

" အမ်!! ဆင်းမှာ "

" ဟုတ်ကဲ့ဗျ "

" ဟုတ် "

ဥက္ကာမောင် ယောင်ယောင်ကမ်းကမ်းနှင့် ကားထဲမှဆင်းလိုက်သည် ။

" ကျေးဇူးပဲနော် မိုင် "

" သွားပြီနော် အကို "

" အင်း "

အမုန်က မိုင်ဒီနေ့အားနေတာမို့ မိုင့်သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ ရှိုင်းထက်ကအကူညီတောင်းလို့ ဥက္ကာမောင်ကိုသွားကြိုပေးရတာဖြစ်သည် ။

Ti....Ti....Ti....Ti

" Hello "

" မိုင် မင်းသွားကြိုပြီးပြီလား "

" No par "

" ဟာ!! ဟျောင့်ရေ..မင်းကိုငါဒီတစ်ခုထဲအကူညီတောင်းတာလေကွာ ၊ ငါအရမ်းအရေးကြီးနေလို့ သွားမကြိုနိုင်လို့ကို သူ‌ဌေးသိရင်တော့ အလုပ်ထုပ်ခံရတော့မှာပဲ "

" စတာပါကွာ ၊ အစောကြီးထဲက သွားကြိုပြီးသား "

" ခွေးသား!!! ၊ ငါ့မှာတော့အရမ်းတွေလန့်သွားရတာ "

" ငါကသွားကြိုပြီးလို့ ပြန်တောင်ပြန်လာပြီကွ"

" ကျေးဇူးပဲ "

" ရှိုင်းထက် ငါ့ကိုအလုပ်တစ်ခုလောက်ရှာပေးပါ့လား "

" ဘာဖြစ်ရပြန်တာလဲ မင်းဟာမင်းတောင်အလုပ်တွေနဲ့မအားတာ အခုနောက်တစ်ခုထပ်လုပ်အုံးမလို့လား "

" မဟုတ်ဘူးဟ ငါ Bar ကအလုပ်ထုပ်ခံလိုက်ရပြီလေ မင်းမသိသေးဘူးလား "

 Mile [ Completed ] Where stories live. Discover now