ep-11

741 31 10
                                    

Uni

ခွန်းဥက္ကာမောင် ထိုအိမ်ကလေးတွေစီကို ဖုန်းမီးလေးထွန်းပြီးလမ်းလျှောက်လာသည် ။ မီးထွန်းထားတဲ့ တဲအသေးလေးကိုတွေ့တာကြောင့် အဲ့တဲနားလေးသွားလိုက်သည် ။ တဲထဲမှာကောင်လေးနှစ်ယောက်ရှိနေသည် ။ ခွန်းဥက္ကာမောင် ကိုလည်းတွေ့ရော ထိုကောင်လေးနှစ်ယောက်ကထလာသည် ။

" ဟေ့လူ ခင်ဗျားဘယ်သူလဲဗျ "

" ကျွန်တော်က ခရီးသွားပါ ။ ဒီနားမှကျွန်တော့်ကားပျက်သွားတာ၊ မီးရောင်တွေ့လို့လာခဲ့တာ အကူညီများရမလားဆိုပြီးတော့ "

" အော် အကို့ကားကဘယ်နားလေးမှာလဲ "

" နည်းနည်းတော့ဝေးတယ် "

" အဲ့တာဆိုရင်တော့ အကိုသူကြီးစီအကူညီသွားတောင်းကြည့်ပါလား ၊ ကျွန်တော်တို့နှစ်ယောက်ထဲနဲ့ကြ အဆင်မပြေလောက်ဘူးထင်တယ် "

" ဒီလိုလုပ်ပါလား ကျွန်တော်သူကြီးကိုလိုက်ပြောပေးမယ် "

" အင်း ကျေးဇူးပဲ "

" အဲ့တာဆို ဖိုးအေး ငါဒီကအကိုကိုသူကြီးအိမ်သွားပို့လိုက်အုံးမယ် မင်းကကင်းစောင့်ခဲ့ကွာ "

" အေး မင်းပြန်လာရင် ဒေါ်မီးဆိုင်က နှစ်ပုလင်းလောက်ဆွဲခဲ့အုံး "

" အေးကွာ "

" လာ ကျွန်တော့်နောက်ကနေလိုက်ခဲ့အကို "

" အင်း "

ခွန်းဥက္ကာမောင်လည်း မိမိရှေ့မှသွားနေသောကောင်လေးနောက်ကို လိုက်သွားသည် ။ ထိုကောင်လေးကတော့ သူ့ကိုစကားတွေလှည့်လှည့်ပြောနေပင်မဲ့ သူကတော့တော်တော်ပင်ပန်းနေပြီမို့ ဘာစကားမှပြန်မပြောနိုင် အင်းတစ်လုံးသာပြန်ပြောသည် ။

" အကို သတိထားလျှောက်နော် မိုးရွှာထားတော့ လမ်းကချောနေတယ် "

" အင်း "

ရွာထဲဝင်လာတာနဲ့ တိုက်အိမ်အပုလေးတွေ ၊ အောက်ထပ်ကအုတ်နဲ့အပေါ်ထပ်ကထရံ အစရှိသဖြင့် ကျေးလက်ဒေသရဲ့အေးချမ်းတဲ့ နေထိုင်မှုလေးတွေကိုတွေ့ရသည် ။

ခဏအကြာ ရှေ့ကကောင်လေးက ရပ်ပြီးနောက်လှည့်​ကြည့်ကာ သူကြီးအိမ်ရောက်ပြီဖြစ်ကြောင်းပြောသည် ။

 Mile [ Completed ] Where stories live. Discover now