Uni
ခွန်းဥက္ကာမောင် မိုင့်ကိုလိုက်ရှာနေတာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည် ။ ဒါပင်မဲ့မိုင်ကို မြို့ထဲကောမြို့ပြင်ပါရှာမတွေ့ခဲ့ဘူး ။ မိုင့်သူငယ်ချင်းကိုမေးတော့လည်း အချည်းနှီးသာဖြစ်သည် ။ ဒီကြားထဲ ခွန်းဥက္ကာမောင် ရှာခိုင်းထားတဲ့ ကောင်လေးကိုရှာတွေ့ပြီဆိုလို့ ကြည့်လိုက်မှမိုင်ဖြစ်နေတယ် ။
နှလုံးသားကပဲပိုင်ရှင်သိသည်ဟုဆိုရမလား ။ အဲ့တာကြောင့်နေမယ် မိုင်အနားမှာရှိတဲ့ချိန် ကောင်လေးကိုလုံးလုံးလျားလျားမေ့နေမိသည် ။ ခွန်းဥက္ကာမောင် ဘယ်လိုပဲဖြစ်ဖြစ် ခုချိန်မှာနားလည်လိုက်ရတာက မိုင်ကိုသူလက်မလွှတ်ပေး လိုက်နိုင်ဘူးဆိုတာပဲ ။
ဒါပင်မဲ့ဘယ်လိုလုပ်ရမလဲ ။ မားကလည်းအတင်းပြန်ခေါ်နေပြီ ဟိုမှာကလည်းကိစ္စလေးတွေရှိနေသေးတယ် ။ အဲ့တာကြောင့်ခဏတော့ US ကိုပြန်သွားရအုံးမယ် ။ ဒါပင်မဲ့ ကိုယ်မင်းကိုတွေ့အောင်ရှာမှာပါ ကောင်လေး ။
" ဟိုကကိစ္စလေးတွေအပြီးဖျက်ခဲ့မှရမယ် ကိုယ်ခဏတော့ပြန်ရမယ် ဒါပင်မဲ့ကိုယ်ပြန်လာခဲ့မယ်"
" မင်းဘယ်ချိန်ထိပုန်းနေနိုင်မလဲ ကောင်လေးရာ"
----------- 2Years Later----------
အချိန်တွေကုန်တာမြန်တယ် ။ ခုဆိုရင် 2 နှစ်တောင်ကြာခဲ့ပြီ အပုန်းကောင်းတဲ့သူကတော့ပုန်းကောင်းနေတုန်းပဲ ။ ပျောက်သောသူရှာရင်တွေ့တဲ့ ဒါပင်မဲ့ ပုန်းနေတဲ့သူကိုတော့ ရှာလို့မတွေ့ခဲ့ဘူး ။
အရင် 2 နှစ်က ခွန်းဥက္ကာမောင် US ကိုပြန်ပြီးအရာအားလုံးကိုရှင်းလင်းအောင်လုပ်ခဲ့တယ် ။ မားတို့ကတော့အစကသူ့ကို Myanmar ကိုပြန်မလွှတ်ချင်ပင်မဲ့ သူတို့သားခံစားနေရတာကိုမကြည့်ရက်လို့နေမယ် နောက်ဆုံးကျတော့လဲ ခွင့်ပြုပေးလိုက်တာပဲ ။ US မှာရှိတဲ့ရူံးချုပ်ကိုပိတ်ချပြီး Myanmar မှာပြောင်းရွှေ့ဖွင့်လစ်နိုင်ခဲ့တယ် ။ အချိန် 3 လလောက်ပေးလိုက်ရတယ်ဆိုပင်မဲ့ တန်ပါတယ်လေ ။
3 နှစ်တောင်ရှိခဲ့ပြီ ။ မိုင့်ကိုဘယ်မှာမှ ရှာမတွေ့ခဲ့ဘူး ။ အချိန်တွေကုန်တာမြန်တယ် ဒါပင်မဲ့ မိုင့်ပေါ်ထားတဲ့သူ့အချစ်တွေက တစ်စလောက်တောင်လျော့ကုန် သွားတယ်ဆိုတာမရှိခဲ့ဘူး ။ ရယူလိုခြင်းအချစ်မဟုတ်ပင်မဲ့ ပေးဆပ်ခြင်းအချစ်လဲမဖြစ်ချင်ဘူး ပိုင်ဆိုင်လိုခြင်းအချစ်ပဲဖြစ်ချင်တယ် ။ ကိုယ်မင်းကိုပိုင်ဆိုင်နိုင်ရဖို့ ဘာတွေရင်းမှရမှာလဲကွာ ။ မဖြစ်နိုင်မှန်းသိပေမဲ့ အချိန်တွေကိုနောက်ပြန်ဆုတ်လို့ရရင် အစထဲကမိုင်ကိုထွက်သွားခွင့်မပေးခဲ့ဘူး ။ ထာဝရအပိုင်အဖြစ်အနားနားမှာ တသက်လုံးသိမ်းထားမိမယ်ထင်တယ် ။
YOU ARE READING
Mile [ Completed ]
Romanceဘဝဆိုတာပန်းချီကားတစ်ချပ်လိုပဲ~~ ပန်းချီကားရဲ့ လှပခြင်း ၊ သေသပ်ခြင်းဟာဆေးရောင်ခြယ်တဲ့ ပန်းချီကားပိုင်ရှင်ပေါ်မူတည်တယ် ။