ep-6

708 40 5
                                    

Uni

  မိုင်ဒီအိမ်မှာနေနေတာ တစ်ပတ်ခွဲရှိပြီဖြစ်သည်။ ခွန်းဥက္ကာမောင်နှင့်လည်း အရမ်းရင်းနှီးနေပြီဖြစ်သည် ။ အဓိကက ခွန်းဥက္ကာမောင်က မိုင့်ရဲ့ကိုကိုဆိုတာ မိုင်သေချာသွားခြင်းဖြစ်သည် ။
   ဒါပင်မဲ့ မိုင်ကိုကို့ ကိုမပြောပြနိုင်ပါ ၊ ဘာလို့လဲဆိုတော့ မိုင် ခွန်းဥက္ကာမောင်ကို ချစ်မိနေပြီထင်တယ် ။ ဟုတ်တယ် မိုင်ချစ်မိနေပြီ ။
  
   မိုင် အတိတ်က ကိုကို့ရဲ့ညီလေးမဖြစ်ချင်ဘူး ၊ အခုလက်ရှိကာလမှာ ခွန်းဥက္ကာမောင်ရဲ့ ချစ်ရသူအဖြစ်ပဲနေချင်တယ် ။
   ဒါပင်မဲ့ မိုင်က မဖြစ်နိုင်တာတွေကို မျှော်လင့်မိနေတာပဲ။ အရင်ကကိုကိုပြောဖူးတယ် " ငါက gay မဟုတ်ဘူး ၊ ငါ gay တွေကိုမကြိုက်ဘူး ”လို့ ၊ ဒါပင်မဲ့ မိုင့်မှာကြိုးစားပိုင်ခွင့်လေးတော့ရှိတယ်မလား ။
  
  " မိုင် ဘာတွေတွေးနေတာလဲ "

  " ဘာ..ဘာမှမဟုတ်ပါဘူး အကို "

  " မသိပါဘူး မိုင်တစ်ခုခုတွေးနေတယ်ထင်လို့ "

  " အကို ဘာလိုလိ​ု့လဲဟင် "
  " မိုင် ဘာလုပ်ပေးရမလဲ "

  " ဗိုက်ဆာသလိုပဲ "

  " Arrr... မိုင်ညစာပြင်ပေးမယ်လေ "

  " အဲ့တာဆို စောင့်နေလိုက်မယ် "

  " အင်း "

ခဏအကြာ ခွန်းဥက္ကာမောင် နဲ့ မိုင် ညစာစားအပြီး ခွန်းဥက္ကာမောင်ကတော့ စာကြည့်ခန်းထဲဝင်သွားပြီး အလုပ်တွေအပြီးသတ်နေသည် ။ မိုင်ကတော့ TV ထိုင်ကြည့်နေသည် ။

   မိုင်ခုကြည့်နေတဲ့ကားက တရုတ်ကားလေ အရမ်းကောင်းတာနော် ။ ကောင်ချောချောလေးတွေလည်း အများကြီးပါတယ် ၊ အဲ့ထဲကမိုင်အကြိုက်ဆုံးကတော့ မင်းသားနှစ်ယောက် ။ နတ်ပြည်က ဆင်းလာတဲ့အတိုင်းပဲ ချောမောနေတာကလွန်ရော။ မိုင်ဒီဇာတ်လမ်းတွဲကို စစကြည့်တုန်းက ထင်မှတ်မိပါတယ် ဒီမင်းသားနှစ်ယောက်က ဘာလို့အဲ့လောက်တောင် ချောနေရတာလဲလို့၊ ဒီလောက်ထိချောဖို့လိုလို့လား ။
    ဇာတ်လမ်းတွဲနမည်က မော်ဝိဇ္ဇာရှင်နှင့်အလင်းသခင်လေ ၊ ကြည့်ဖူးကြတယ်မလား ။ မိုင်ကအရမ်းကြိုက်တာ အဲ့.......။

 Mile [ Completed ] Where stories live. Discover now