Uni
" ကျွန်တော့်ကလေး "
" ဟက် လက်မထက်ရသေးဘူးပြောတယ်နော် "
"ကျွန်တော့်ကလေး ခင်ဗျားနဲ့ရထားတာ "
မိုင်ရဲ့အသံကတိုးနေပင်မဲ့ နှစ်ကိုယ်ခြားကြားဖို့ရန်တော့လုံလောက်သည် ။
" ဘာ!! ဘယ်လို..!! "
" ဟက်! ဒီလိုဖြစ်မယ်ဆိုတာကြိုသိပင်မဲ့ ခင်ဗျားနဲ့မဆိုင်ပါဘူး ဝတ္တရားအရတာပြောပြတာ "
" မဟုတ်ဘူး ကိုယ်...ကိုယ်က "
" မလိုပါဘူး အစထဲကခင်ဗျားက gayမုန်းတီးရေးဝါဒီရာပဲလေ "
မိုင်ရဲ့အသံကအနည်းငယ် တုန်ခါခြင်းရှိနေပင်မဲ့ မိုင့် မျက်နှာကတော့ရေပြင်ညီလို တည်ငြိမ်မှုရှိနေသည် ။
" ဒါ..ဒါပင်မဲ့ အဲ့တာက ကိုယ်မိုင့်ကို မုန်းတယ်လို့ဆိုလိုတာမှ မဟုတ်တာ "
ခွန်းဥက္ကာမောင်၏စကားတွေက ညီညာခြင်းမရှိပဲ နောင်တရခြင်းတွေနှင့်ပြည့်နှက်နေသလိုပင် ။
" တော်ပြီ! ကျွန်တော်ခင်ဗျားနဲ့ဆက်ပြောစရာအကြောင်းမရှိဘူး "
" ဘာလို့မရှိရမှာလဲ ကိုယ့်မှာအများကြီးရှိတယ် "
" ဒါပင်မဲ့ ကျွန်တော့်မှာမရှိဘူး "
မိုင့်မျက်နှာတည်တည်နဲ့ပဲ သူနဲ့မျက်နှာခြင်းဆိုင်နေရာကနေ နောက်လှည့်ထွက်လိုက်လျှင် မိုင့်လက်အားဖမ်းဆွဲလာသူ ။
" မိုင် ဘာလို့အဲ့လောက်တောင် ပြောရခက်နေရတာလဲကွာ "
" ခင်ဗျား ကျွန်တော့်လက်ကိုလွှတ် "
" ဟင့်အင်း! ကိုယ်မလွှတ်ဘူး ကိုယ်တစ်ခါလွှတ်ပေးလိုက်လို့ မိုင့်ကိုထာဝရဆုံးရှုံးရတော့မလို့၊ ကိုယ်ဒီတစ်ခါလွှတ်ပေးလိုက်ရင် ကိုယ့်နောက်တစ်ခါ မိုင့်ကိုထပ်ဖမ်းဆွဲ ထားနိုင်တော့မှာမဟုတ်ဘူး "
" . . . . . . . "
" ကိုယ်တောင်းပန်ပါတယ် ကိုယ်မင်းကိုတကယ်ချစ်တာပါ မိုင် "
" ကျွန်တော် ဘယ်လိုစိတ်နဲ့ ယုံကြည်ရဲရမှာလဲ "
" ကိုယ်.. "
YOU ARE READING
Mile [ Completed ]
Romanceဘဝဆိုတာပန်းချီကားတစ်ချပ်လိုပဲ~~ ပန်းချီကားရဲ့ လှပခြင်း ၊ သေသပ်ခြင်းဟာဆေးရောင်ခြယ်တဲ့ ပန်းချီကားပိုင်ရှင်ပေါ်မူတည်တယ် ။