Uni
မိုင်မနက်ထလာတော့ ခေါင်းတစ်ခုလုံးမူးနောက်ကာ နာကျင်နေရသည် ။ ဘေးကိုလှည့်လိုက်တော့ သွားထိမိသည်မှာမွေ့ယာခင်းအစား လူတစ်ယောက်ဖြစ်နေသည် ။ ထို့ကြောင့် မိုင်မျက်လုံးများအမြန်ဖွင့်ကာ ထထိုင်မိသွားသည် အထိလန့်သွားရသည် ။
" အ့ နာလိုက်တာ "
သေချာကြည့်လိုက်မှ မိုင်ဘေးတွင်ရှိနေသောသူသည် ခွန်းဥက္ကာမောင်ဖြစ်နေသည် ။ မိုင် ခေါင်းများပူထူသည်အထိလန့်သွားရသည် ။
" ဘာ...ဘာတွေဖြစ်ကုန်တာလဲ "
မိုင် အလွန်ကိုမှစဥ်းစားရကျပ်နေပြီဖြစ်သည် ။ ခုချိန်တွင် မိုင်စိတ်ညစ်တာကလွှဲ၍ ဘာမှမသိတော့ပါ ။ မနေ့ညက....ငါဆေးခပ်ခံလိုက်ရတာလား မဟုတ်ရင်ငါဒီလောက်ထိအသိစိတ်လွှတ်မှာမဟုတ်ဘူး ။
မိုင်အသည်းအသန်စဥ်းစားနေချိန် အသံတစ်ခုအားကြားယောင်မိသည် ။" ငါဂေးမဟုတ်ဘူး "
" ငါ ဂေးတွေကိုရွံ့တယ် "ကိုကိုပြောဖူးတာတယ် သူကဂေးတွေကိုလုံးဝမကြိုက်ဘူးတဲ့ အဲ့...အဲ့တာဆို မိုင့်ကိုကောမုန်းသွားမှာလား ။ ဟင့်အင်း.... မိုင်ကိုကိုမုန်းတာမခံနိုင်ဘူး ။
" ကိုကို မိုင့်ကိုမုန်းသွားမှာသိပင်မဲ့ ကိုကိုနိုးလာရင်ပြောမဲ့စကားလုံးကြမ်းတွေကို မိုင်ခံစားနိုင်မှာမဟုတ်ဘူး ။ အဲ့တာကြောင့် မိုင်ကိုကိုမနိုးလာခင် အရင်ထွက်သွားတော့မယ်နော် "
မိုင်နာကျင်စွာ ထိုစကားအားရည်ရွှတ်၍ ကိုကိုပါးထက်သို့အနမ်းတစ်ပွင့်ခြွေလိုက်သည် ။ ထို့နောက် မိုင်အဝတ်စားများ အမြန်ဝတ်ကာ ထွက်သွားဖို့ပြင်လိုက်သည် ။
" မိုင်က ငယ်ငယ်ထဲကကိုကို့ ကိုချစ်ခဲ့ရသူပါ ။ မိုင်ကိုကို့နားမှာဆက်မနေပေးနိုင်တော့ပင်မဲ့ မိုင်ကိုကို့ကိုဆက်ချစ်နေအုံးမှာပါ "
.
.
.
.
ခွန်းဥက္ကာမောင် နိုးလာတဲ့အချိန်ဘေးမှာ မိုင်မရှိတော့ပါ ။ ခွန်းဥက္ကာမောင် ချက်ချင်းထ၍ အခန်းပတ်ပတ်လည် ရှာကြည့်သော်လည်း မိုင်ကိုမတွေ့ရသဖြင့်စိတ်ပူသွားရသည် ။ ထို့နောက် တစ်ခုခုကိုသတိရသွားဟန် ရေချိုးခန်းသို့အမြန်သွား ကြည့်လိုက်သော်လည်း မိုင်ရှိမနေပါ ။
YOU ARE READING
Mile [ Completed ]
Romanceဘဝဆိုတာပန်းချီကားတစ်ချပ်လိုပဲ~~ ပန်းချီကားရဲ့ လှပခြင်း ၊ သေသပ်ခြင်းဟာဆေးရောင်ခြယ်တဲ့ ပန်းချီကားပိုင်ရှင်ပေါ်မူတည်တယ် ။