Uni
မိုင် ဒီနေ့သွားစရာတစ်ခုရှိနေတယ် ။ ကျောင်းသားတွေ့ဆုံပွဲ လို့ခေါ်၍ရပင်မဲ့ အမှန်တကယ်ကတော့ အပြိုင်ဆိုင်တွေ အသောမသတ်နိုင်တဲ့ ကြွားလုံးထုတ်ရာနေရာတစ်ခုထက်မပိုဘူး။
" ဘယ်လိုလုပ်ရမလဲ သွားရမလား "
အမှန်တော့ မိုင်အဲ့တွေ့ဆုံပွဲကိုမသွားချင်ပါ ။ ဒါပင်မဲ့ Group ထဲမှာ ကျောင်းတုန်းကမိုင့်ကိုအမြဲနှိမ်နေကြကောင်မလေးတစ်ယောက်က ' မိုင် မင်းလဲလာခဲ့နော် ' ဟုပို့ထားသောကြောင့်ဖြစ်သည် ။
" ဒါပင်မဲ့ ငါမသွားချင်ဘူးလေ "
" မသွားလို့ကလည်းမရပြန်ဘူး "
ခွန်းဥက္ကာမောင် မိမိရှေ့မှ ဖုန်းလေးကိုက်ပြီးဟိုလျှောက် ဒီလျှောက်လုပ်နေသော ကောင်လေးကြောင့် ဘာဖြစ်နေတာလဲဟု သိချင်စိတ်တို့ပြင်းပြလာသည် ။
' ဘာတွေစိတ်ရှုပ်စရာရှိနေတာလဲ ကောင်လေးရဲ့'
" မိုင် "
" . . . . . "
" မိုင်ရေ "
" . . . . . "
ခွန်းဥက္ကာမောင် ၂ကြိမ်တိတိခေါ်သည်ထိ ကြားသည့်ပုံမပေါ် ။ ထို့ကြောင့် မနေနိုင်တော့သည့်အဆုံး ခွန်းဥက္ကာမောင် ထလိုက်ပြီး ရှေ့မှဟိုလျှောက်ဒီလျှောက် လုပ်နေသူကိုဖမ်းကိုင်လိုက်မိသည် ။
" အကို "
" မိုင် ဘာဖြစ်နေတာလဲ "
" Arrr... မိုင်ဘာမှမဖြစ်ပါဘူး "
" အကို ဘာလိုလို့လဲဟင် "" Coffee တစ်ခွက်လောက်ဖျော်ခဲ့ပေး "
" ဟုတ် အကို "
မိုင်အနောက်ဘက်သွားလိုက်မှ မိုင်မရှိတော့ဘူးဆိုတာသေချာမှ မိုင်ခဏကစားပွဲခုံပေါ်တင်ခဲ့သည့် ဖုန်းအားကောက်ကိုင်လိုက်ပြီး စူးစမ်းကြည့်လိုက်သည်။
ဝင်လာတဲ့စာများကြောင့် နှိပ်ကြည့်မိလိုက်ကာ ဖတ်ကြည့်လိုက်မိချိန် ။
May Mi✉ : မတွေ့တာလဲကြာပြီဆိုတော့ ငါတို့တွေအကုန် XXX မှာတွေ့ကြရအောင် :
Paye✉ : အကြံကောင်းပဲ :
Shine✉ : Ok :
Htet✉ : အဆင်ပြေတယ်:
YOU ARE READING
Mile [ Completed ]
Romanceဘဝဆိုတာပန်းချီကားတစ်ချပ်လိုပဲ~~ ပန်းချီကားရဲ့ လှပခြင်း ၊ သေသပ်ခြင်းဟာဆေးရောင်ခြယ်တဲ့ ပန်းချီကားပိုင်ရှင်ပေါ်မူတည်တယ် ။