Uniစီးပွားရေးပညာရှင် တစ်ဦးဖြစ်သော ဥက္ကာမောင် သည် US တွင်နေထိုင်ကာ လုပ်ငန်းများစွာပိုင်ဆိုင်သည့် သူတစ်ဦးဖြစ်သည် ။ ဥက္ကာမောင်၏ ပိုင်ဆိုင်မှုများဟာဆိုရင် သာမာန်လူအယောက်နှစ်ရာလောက်ကို သေသည်အထိကျွေးမွေးထားရင်တောင် 0 တစ်လုံးလျော့သွားမည်မဟုတ်သည်အထိ ချမ်းသာကြွယ်ဝလှသည် ။ ရုပ်ရည်နှင့်ပတ်သက်လျှင်လည်း အပြစ်ပြောစရာမရှိလောက်သည်အထိ ခန့်ညားလွန်းလှသည် ။ အကျင့်စာရိတ္တပိုင်းမှာလဲပြောစရာမရှိပေ သို့သော် ဥက္ကာမောင် တွင်အိမ်ထောင်မရှိသေးပါ ။
" Boss ဒီနားမှာ လက်မှတ်လေးတစ်ချက်ထိုးပေးပါအုံး "
" Amm "
" ငါMyanmarကိုသွားရဖို့ရှိတယ် ပြင်ဆင်ထားပါ "
" Boss! "
" ငါသိတယ် ၊ ဒီကလုပ်ငန်းတွေကို မင်းခဏကြည့်ထားလိုက် "
" ဟုတ်ကဲ့ ၊ ဒါနဲ့ဘာလို့သွားမှာလဲ Boss "
" ငါလူတစ်ယောက်ကိုရှာရဖို့ရှိတယ် "
" ဘယ်သူလဲဟင် Boss "
" ငါမမှတ်မိတော့ဘူး ဒါပင်မဲ့ ငါ့ကို Myanmar မှာတစ်ယောက်ယောက်စောင့်နေတယ် "
" . . . . . . . . . "
" သူသေပြီလား ရှင်သေးလားလည်းငါမသိဘူး...."
" ဒါဆို Boss ဘယ်အချိန်လောက်ပြန်လာဖြစ်မလဲ"
" 1 လလောက်တော့ကြာမယ် ထင်တယ် "
" Boss ဒီမှာက Boss မရှိရင်မဖြစ်ဘူးနော် "
" ငါသိတယ် အဲ့တာကြောင့်.... "
" အဲ့တာဆို မနက်ဖြန်လောက်ကျွန်တော်စီစဥ်ပေးထားပါမယ် "
" Amm "
" အဲ့တာဆို သွားခွင့်ပြုပါအုံးနော် "
" Inn "
" လိုအပ်တာရှိရင် ခေါ်လိုက်ပါ "
" အင်း "
ဥက္ကာမောင် တစ်ယောက်ထဲသောသူအကြောင်းစဥ်းစားနေမိသည် ။ ကောင်ငယ်လေးတစ်ယောက်...အရမ်းကိုချစ်စရာကောင်းတဲ့ကောင်ငယ်လေး ။ ကောင်းလေးရဲ့ နမည် ၊ ကောင်လေးက ဘယ်သူ ဆိုတာ ဥက္ကာမောင် လုံးဝမမှတ်မိတော့ပါ ။ သူမှတ်မိတာတစ်ခုထဲ ကောင်ငယ်လေးရဲ့မျက်နှာ ၊ ကောင်လေးနဲ့အတူဆော့ကစားပျော်ရွှင်ခဲ့တဲ့အချိန်တွေ ။ ဒါတွေပဲ ဥက္ကာမောင် မှတ်မိတော့သည် ။
YOU ARE READING
Mile [ Completed ]
Romanceဘဝဆိုတာပန်းချီကားတစ်ချပ်လိုပဲ~~ ပန်းချီကားရဲ့ လှပခြင်း ၊ သေသပ်ခြင်းဟာဆေးရောင်ခြယ်တဲ့ ပန်းချီကားပိုင်ရှင်ပေါ်မူတည်တယ် ။