Ep-2

2.3K 133 0
                                    

အပိုင်း(၂)

"အေး...ငါ ရောက်ပြီ...နင်ပြောထားပြီးပြီမလား..."

"အေး ငါပြောပြီးပြီ သူည‌နေလာလိမ့်မယ် နင်အဲ့ဘေးအိမ်မှာ သော့အပ်ထားတယ်တဲ့ သွားယူလိုက် "

"ဘယ်ဘက်အခြမ်းလဲ.."

"ခြေရင်းဘက်က အိမ်ကိုမျက်နှာမူထားရင် နင့်ညာဘက်ပေါ့.."

"အင်း...ကျေးဇူးပဲ အဲ့တစ်ယောက်ရဲ့ ဖုန်းနံပါတ်ငါ့ဆီmessageပို့ထားဦး..."

"အိုခေ.."

စွဲညှို့ဖုန်းချပြီးနောက်..ခြေရင်းအိမ်ဘက်ကို လျှောက်လာကာ အိမ်ရှေ့ကနေ ခေါင်းလောင်းလေးကိုလှုပ်ကာ အထဲကလူကိုခေါ်လိုက်သည်....

"လာပါပြီ..."အိမ်ထဲမှ အသံတခုကိုကြားလိုက်ရပြီး စွတ်ကျယ်အင်္ကျီဂျိုင်းပြတ်နဲ့ ကာတွန်းဂျေဂျေဘောင်းဘီတွဲဝတ်ထားတဲ့ဖြူဖြူသန့်သန့်ကောင်လေးတစ်ယောက်ထွက်လာသည်။

"ဘာကိစ္စရှိလို့ပါလဲ.."

"တို့က ဒီခေါင်းရင်အိမ်ကိုပြောင်းလာတဲ့အိမ်ငှားပါ အိမ်ရှင်ကသော့ပေးထားတယ်ဆိုလို့.."

"အော် ဟုတ်ကဲ့ ပြောထားတယ် ပြောထားတယ်  ခနလေးနော်"
သူ့အားစောင့်ခိုင်းကာ  အိမ်ထဲသို့ ကတိုက်ကရိုက်ပြေးဝင်သွားသည်။

ခနကြာတော့ပြန်ထွက်လာပြီး ခြံတံခါးအပြင်ဘက်လက်ထုတ်ကာ သော့ကမ်းပေးလာသည်။

"ဒီမှာပါ.."

"ကျေးဇူးပါ"

"ရပါတယ်ဗျ...အိမ်နီးချင်းတေဖြစ်သွားပြီပေါ့ ဟဲဟဲ..အကူညီလိုရင်ပြောပါဗျ"

ထိုကောင်လေးက သွားအစုံဖြီးကာ ဖော်ဖော်ရွေရွေပြောနေသော်လည်း စွဲညှို့ပြုံးရုံသာ ပြုံးကာတုံ့ပြန်လိုက်ပြီး  ခေါင်းငြိမ့်ကာ ထွက်လာလိုက်သည်။

ခြံတံခါးဖွင့်ပြီးသည့်နောက် ခြံထဲသို့မျက်စိဝေ့ယမ်းကြည့်ရာ သရက်ပင်တေအုံ့ဆိုင်းနေပြီး ပန်းမန်တချို့ကိုပါတွေ့ရသေးသည်။  မျက်စိဝေ့ယမ်းရုံသာကြည့်မိသည်မို့  ဘာပန်းညာပန်းလည်းသေချာရေရာမသိ‌ပါ။ သူကိုယ်တိုင်ကလည်းပန်းဆိုလျှင် တခုတ်တရကြိုက်တတ်သူမဟုတ်တာကြောင့်လည်းပါလိမ့်မည်။

မေတ္တာ 'လွန်' (Editing)Where stories live. Discover now