အပိုင်း(၆)
ပေါက်စ ခုရက်ပိုင်းပျောက်နေသည်...စွဲညှို့ လက်ကဒဏ်ရာသက်သာပြီးတည်းက အိမ်ဘက်ကိုမလာတော့ ...
မတွေ့တာကြာတော့ ပေါက်စကို စွဲညှို့သတိမရစဖူး သတိရလာရသည်.......
ပေါက်စအိမ်ဘက်ကို ပြတင်းပေါက်ကနေ လှမ်းချောင်းကြည့်တော့ သူ့အကို လတ်ဖြစ်သူကိုသာ တွေ့သည် ပေါက်စတစ်ယောက် မရှိတာ သေချာသည် သူရှိနေလျှင် သူ့အသံကို ဒီဘက်အိမ်ကအမြဲကြားနေရတတ်သည် တခြားတော့မဟုတ် သူ့အကိုနဲ့သူ စကားပြောသံပေ ...တခြားသူအသံကို သိပ်မကြားရပေမယ့် ပေါက်စအသံကတော့ မကြားချင်မှအဆုံးပေ....
.စွဲညှို့ သည်ရပ်ကွက်ကို ရောက်တာ တစ်လလောက်တောင်ရှိတော့မည်.....ရပ်ကွက်ဆိုပေမယ့် စရိုက်ကျသူသိပ်မရှိပဲ လမ်းပေါ်ထွက်ဆော့တတ်တဲ့ကလေးတေကလွဲလျှင် လူကြီးများမှာ တိတ်တိတ်ဆိတ်ဆိတ်နေကြသည် ပွဲလမ်းသဘင်တေရှိလျှင်တော့ ရပ်ကွက်ထဲတွက် အသံကြားနေရတာကြောင့် ဘယ်သူမှထွေထွေထူးထူးပြောနေရန်မလိုပေ....အိမ်တိုင်းအိမ်တိုင်း ပါဝင်ကြစမြဲ.....အိမ်နီးနားချင်းတေရင်းနှီးဖော်ရွေကြတာကြောင့်စွဲညှို့အတွက်တော့အထီးမကျန်ပါ...အထူးသဖြင့် ခြံစည်းရိုးမကာထားပဲ နှစ်အိမ့်တစ်ခြံလိုဖြစ်နေသော ပေါက်စတို့မိသားစုကြောင့် စွဲညှို့ ပျင်းရပါဘူး.....ပေါက်စ အဖေက အစိုးရဝန်ထမ်းပင်စင်စားဖြစ်ပြီး ရပ်ကွက်ဂေါပကအဖွဲ့ထဲကလို့ကြားသည် ...အကိုအကြီးဆုံးက ခရီးသွား လုပ်ငန်းက ဖြစ်ပြီး ခရီး ခနခနထွက်ရသည် သို့ပေမယ့် သူမိသားစုကိုအတော်လေးအချိန်ပေးသည်ကတော့ စွဲညှို့ မျက်မြင်ကိုယ်တွေ့ပါ...
ပေါက်စနဲ့အမြဲ ရန်ဖြစ်နေတဲ့အကိုကတော့ software engineer ဖြစ်လို့ အိမ်ကနေပဲ အလုပ်လုပ်သည်.....ပေါက်စက တော့ ကျောင်းသူလေးပေါ့ ဆရာမလောင်းလေးဆိုလည်းမမှားဘူးပေါ့...သူ့ရဲ့ကျောင်းနောက်ဆုံးနှစ် အတွက် အလုပ်များနေတယ်ထင်ပါရဲ့ ဆရာမမဖြစ်ခင် အများကြီးကြိုးစားနေရမှာ.....ဒါကြောင့် ပျောက်တာထင်သည်...စွဲညှို့ ပေါက်စအခန်း ပြတင်းပေါက်လေးကိုငေးကာ ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ အတွေးကို ရပ်တန့်လိုက်ေတာ့သည်..
ထို့နောက် ဧည့်ခန်းတွင်ထိုင်လိုက်ကာ...စားပွဲပေါ်တင်ထားသော ဖုန်းကို ကြည့်လိုက်တော့ မွန်းလွဲ၂နာရီရှိတော့မည်....ဖုန်းအဝင်callတေကလည်း ထုံးစံအတိုင်းရှိလို့နေသည်...ဖွားဖွားနဲ့ ဖေဖေဆီမှပါပဲ ယနေ့အထိဆက်နေတုန်းပေ...
သွန်းအက္ခရာဆီမှ သူတို့မှာတာတေကိုကြားရပါသည် ..သို့ပေမယ့် ခနလောက်တော့ လွှတ်ထားပေးသင့်သည်မလား......
စွဲညှို့ သက်ပျင်းတချက်ချလိုက်ပြီး ဖုန်းကိုပြန်ပိတ်လိုက်သည်...
YOU ARE READING
မေတ္တာ 'လွန်' (Editing)
Teen Fiction'ချစ်ခြင်းမေတ္တာဆိုသည်မှာ ၁၅၀၀အချစ်သာ မဟုတ် ၅၂၈အချစ်လည်း ဖြစ်၏။ ၅၂၈ချစ်ခြင်းနှင့် ၁၅၀၀ ချစ်ခြင်းတို့ အားပြိုင်ကြတဲ့အခါ မေတ္တာ လွန်ဆွဲခြင်း ဖြစ်ပေါ်လာ၏။ တခါတရံ ရွေးချယ်သူတို့အဖို့ အလွန်ခက်ခဲလှသဖြင့် ကြိုးဆွဲသူတို့အပေါ်၌သာ မူတည်လာတတ်၏ သင့်အနေနဲ့တစ်စု...